" ဘတ်ခ်ဟျွန်း ဘတ်ခ်ဟျွန်း "
ချန်းယောလ်ကျောင်းကပြန်ရောက်လာတော့ဘတ်ခ်ဟျွန်းအခန်းထဲ
တန်းဝင်သွားသည်။ ဘတ်ခ်ဟျွန်းကအခန်းထဲမှာရှိမနေ။ ကျောင်းက
အပြန်ကျောင်းနားကဘတ်ခ်ဟျွန်းအတွက်ပူတင်းဝယ်လာသည်။
ပူတုန်းလေးစားရအောင်ကို ဘယ်တွေသွားနေပါလိမ့်။" ဘတ်ခ်ဟျွန်းရေ.. ဘတ်ခ်ဟျွန်း "
" ဘာလို့ဇွတ်အော်နေတာလဲ အနောက်မှာမြက်နှုတ်နေတယ် "
" ဟာ.. တီလေး အလုပ်တွေခိုင်းပြန်ပြီလား ဘာလို့ခိုင်းနေတာလဲ
အိမ်မှာလုပ်မယ့်သူတွေဒီလောက်ပေါတာကို အလုပ်သမားတွေခေါ်
ထားတာဘာလုပ်ဖို့လဲ "" အမလေးဟဲ့ ငါကခိုင်းနေလို့လား သူ့ဟာသူလုပ်ချင်လို့လုပ်တာကို
ငါကမလုပ်နဲ့လို့တားနေရအုံးမှာလား "" တားရမှာပေါ့ တားရမှာဘဲ နေကပူကပူနဲ့
ဘယ်ကတည်းကလုပ်နေတာလဲ "" ဘယ်သိမလဲ ငါကလိုက်ကြည့်နေရမှာလား
ငါလဲအပြင်ကပြန်လာတာမကြာသေးဘူး "" တီလေးကလေသူကျဘာမှလဲလုပ်တာမဟုတ်ဘဲနဲ့
တားမယ်တော့မရှိဘူး မဆိုင်သလိုပစ်ထားတော့တာဘဲ "" အမလေး.. အေးပါအေ တရားကျဖို့ကောင်းလိုက်တာ
တားအေနင့်ဟာနင်တား ငါ့တော့အဲ့မတုန်မလှုပ်လေးနဲ့အစေးမကပ်ဘူး
စိတ်လဲမရှည်ဘူး မလှုပ်တလှုပ်နဲ့ "ချန်းယောလ်ပွစိပွစိပြောနေတဲ့တီလေးကိုတစ်ယောက်တည်း
ထားခဲ့ပြီး အနောက်ခြံဘက်ထွက်ခဲ့သည်။ ဖေဖေကအရင်တည်းက
အပင်စိုက်ဝါသနာပါသူမို့ ဖေဖေရှိစဉ်ကစိုက်ပျိုးခဲ့သော သီးနှံများကို
လက်ရာမပျက်စေဘဲ မားမားကပြင်ဆင်ခဲ့သည်။ အခုထိ မားမားက
ခြံလေးကိုဆက်လက်ထိန်းသိမ်းထားသည်။ တွေ့ပါပြီ ငရုတ်သီးပင်တွေနားမှာ
ကုန်းကုန်းလေး ဖြူးကောင်လေးတွေလို။ ဂျူံခမောက်လေးကစောင်းထားသေး။" ဘတ်ခ်ဟျွန်း "
အနားကပ်ကာခေါ်လိုက်ပေမယ့် မော့တာကြည့်သည် မလန့်သွား။
မေ့သွားလို့ ဘတ်ခ်ဟျွန်းကလန့်တာတွေကြောက်တာတွေမှသိပ်မရှိ။" ပြန်လာပြီ ဘာလုပ်နေတာလဲ နေမပူဘူးလား
ဝင်ရအောင် မင်းအတွက်ပူတင်းဝယ်လာတယ် "
YOU ARE READING
Yours [✓]
Romanceစူပါမန်းလည်း မဖြစ်ချင်ဘူး ပါဝါရိန်းဂျားလည်း မဖြစ်ချင်ဘူး ကမ္ဘာကြီးကိုလည်း မကယ်တင်ချင်ဘူး မင်းရဲ့ကောင်လေးပဲ ဖြစ်ချင်တယ် မင်းရဲ့...... ( Chanyeol x Baekhyun )