Arc 1.1

467 51 0
                                    

    Monaတစ်ယောက် ပင်ပန်းနွမ်းနယ်နေတာတွေပျောက်အောင် ရေအရင်ချိုးလိုက်လေသည်။ မှန်တဲတွင်မြင်နေရသည့် မျက်နှာမှာ အသားအရေခြောက်သွေ့နေပေမယ့် ချစ်စရာကောင်းနေလေသည်။ အသားလေးကဖွေးစွတ်နေလေသည်။ ငါသာယောင်္ကျားလေးဆို ဒီလိုကောင်မလေးမျိုးကိုသေချာဂရိုစိုက်ပြီး ဥထားမတတ်ချစ်နေမှာ ဒါကို ဟိုခွေးသူတောင်းစားက တန်ဖိုးမထားတတ်ဘူးဘဲ။
မှတ်ဉာဏ် တွေအရမူလကိုယ်ပိုင်ရှင်က ဒီနိုင်ငံရဲ့ No.1 တက္ကသိုလ်ကကျောင်းသူဖြစ်တဲ့အပြင် ဆရာတွေအားထားရတဲ့ကျောင်းသူလဲဖြစ်သေးသည်။ ပြီးတော့ hackerတစ်ဦးလဲဖြစ်သေးသည်။ ဟုတ်ပါတယ် ဖောက်ပြန်မှုကိုလဲ ဘရေ့ ကွန်ပျူတာ ကို hack ရာမှသိခဲ့ရခြင်းဖြစ်သည်။သူတို့လုံးဝပိရိခဲ့သည်။ ဒါပေမယ့်သူမ အရည်အချင်းကိုတော့မေ့သွားခဲ့ကြပုံရတယ် ဒါမှမဟုတ် နဂိုတဲက ဂရုမစိုက်ပဲ အထင်သေးနေခဲ့ကြသည်လား။ 
           Mona တစ်ယောက်လုပ်စရာရှိတာလုပ်ပြီး အဝတ်ရွေးနေရာတွင် အခတ်တွေ့နေလေသည်။ ဒါ ဒါတွေက သူမ style လုံးဝမဟုတ်ပေ။ ဘာလို့ဂါဝန်တွေကြီးပဲလဲ လုံးဝ cute type တွေကြီးပဲ။ သူမအခု ကြံရာမရ ဂါဝန်တစ်ထည်ကိုသာ ထုတ်ယူဝတ်ဆင်လိုက်လေသည်။ ပြီးတော့သူမ shopping ထွက်ဖို့ လိုမေလေပြီ သူမဒါတွေကြီး အမြဲ ဝတ်နေနိုင်မှာမဟုတ်ပဲ။ စိတ်ဓာတ်ကျထားသူဖြစ်လို့ အသားအရေထိန်းသိမ်းဖို့လဲလိုနေသေးသည်။ သူမ bank accတဲက ငွေစာရင်းကြည့်လိုက်တော့ အတော်အတန်ချမ်းသာတာသိလိုက်သည်။ အေးပေါ့လေ အိမ်နဲ့ကားတောင် ဒီအရွယ်နဲ့ကိုယ်တိုင်ဝယ်နိုင်မှတော့ချမ်းသာနေလို့ပေါ့။ ဘယ်သူမှမသိတာက ယုအာ မိသားစုသည် နိုင်ငံခြားတွေနေထိုင်ပြီးအဲ့နိုင်ငံရဲ့ထိပ်တန်းချမ်းသာသူများစာရင်းတွင်ပါဝင်နေသည်ကိုပေါ့။
သူမလဲ ဘရေ့တွက်ဆိုပြီးဝယ်ထားတဲ့ကားကို သူမဘာသာမောင်းပြီး shopping center တစ်ခုခုသို့ထွက်လလာခဲ့လိုက်သည်။
   သူမစိတ်တိုင်းကျအသုံးအဆောင်များဝယ်ယူပြီးမှအသက်ဝဝရှူနိုင်တော့သည်။ သူမသဘောကျသလို ဂျင်း နှင့် shirt လေးကိုလိုက်ဖက်စွာပြောင်းလဲ ဝတ်ဆင်လိုက်သည်။ ထိုအချိန် ဗိုက်ကလဲဆာလာပြီ ဖြစ်လို့ ဆိုင်တစ်ခုခုမှာ ဝင်စားရန်ပြင်လိုက်တော့သည်။
 
        "ဘာများ မှာချင်ပါသလဲ ခင်ဗျာ "
         "ဟုတ်ကဲ့.....ဟင်" '
ဒီလူ ဒီလူကိုငါဘယ်မှာများမြင်ဖူးပါလိမ့် ငါစဥ်းစားလို့မရတော့ဘူး ငါတော်တော်လေးမြင်ဖူးသလိုပဲ' သူမတွေးနေတာဖြစိသည်။ တွေးနေတာကိုမြန်မြန်လက်စသတ်ပြီး မှာစရာရှိတာ မှာလိုက်လေသည်။ ပြီးတော့သူမ ဆက်မတွေးတော့ပေ ဟုတ်တယ်လေ ဒီလိုကူးပြောငိးရတဲ့ကမ္ဘာ မှာဘယ်လိုလုပ် ကိုယ်သိတဲ့သူရှိနေနိုင်မှာလဲ။

Just U (System)Where stories live. Discover now