Arc 1.2

388 51 0
                                    

      "ငါမင်းကို နစ်နာကြေးပေးမှာပါကွာ"

       "မလိုအပ်ဘူး"
ဟုတ်ပါတယ် Mona သာတကယ်ပိုက်ဆံလိုချင်လျှင် ဖောက်ပြန်နေသည့် သက်သေကို ချပြလိုက်ရုံနှင့် ပိုက်ဆံတင်မဟုတ်ဘူ ဘရေ့ကို ပုဒ်မ ၁၃ (သို့) ၁၇ အရထောင်ဒဏ် ၇နှစ်ကနေ ၁၀နှစ်အထိ ချနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် သူမ မလုပ်ပါ ပိုက်ဆံလဲမလိုသလို ဘရေ့နှင့်ဆက် ကိုလဲနောင်တရပြီးနာကြင်အောင် သူမကိုယ်တိုင်လုပ်ချင်လို့ပင်။ ဒါမျိုးက ကိုယ်တိုင်လုပ်မှ ပိုအရသာရှိတယ်မဟုတ်လား ပြီးတော့ပျော်စရာလဲကောင်းတယ်လေ။

      နောက်ဆုံးတော့ အိမ်ထောင်သည်ဘဝမှလွတ်မြောက်လာခဲ့ပြီ ပထမခြေလှမ်းတော့ ပြီးဆုံးသွားပြီ နောက်တစ်လှမ်း လှမ်းဖို့လိုသည်။ အရေးကြီးဆုံးက ပိုက်ဆံ ဟုတ်တယ် ဘရေ့ကိုအနိုင်ပိုင်းဖို့ဆို သူ့ထက်ချမ်းသာပြီးအောင်မြင်နေမှဖြစ်မည်။ Mona တစ်ယောက် ဒီနိုင်ငံက ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ နိုင်ငံခြားမှာရှိတဲ့ သူမ မိဘတွေထံပြန်ဖို့လိုနေပြီ။ ယုအာ နောင်တအရဆုံးက မိဘ စကားကိုနားမထောင်မိဘဲ မိဘကိုလျစ်လှူရှုထားမိတာဖြစ်တယ်။ ထို့ကြောင့် ယုအာအစား မိဘတွေကို ပိုဂရုစိုက်ပေးရမှာဖြစ်ပေသည်။ ပြီးတော့အဲ့နိုင်ငံမှာပဲ ခဏတာအခြေ ချဖို့ဆုံးဖြတ်လိုက်လေသည်။

              မနက်ဖြန်ဆို မိဘတွေရှိတဲ့ နိုင်ငံကိုသွားတော့မှာဖြစ်တယ်။ သို့သော် ဒီည အထက်တန်းတုန်းက သူငယ်ချင်းတွေက ဒီည ကျောင်းသားဟောင်းတွေ့ဆုံပွဲ သို့လာရန်ခေါ်ထားသည်။ သူမ မသွားချင်သော်လည်း မသိစိတ်ရဲ့စေခိုင်းမှုကြောင့် ရောက်သွားခဲ့လေပြီ။

     "ယုအာ နင်ပိန်သွားလိုက်တာနော်" ရောက်ရောက်ချင်း အပြောခံလိုက်ရခြင်းဖြစ်သည်။ အမှန်လဲသူမပိန်သွားတယ်လေ ဒါဟိုခွေးသူတောင်းစားကြောင့်ပေ စိတ်ဒဏ်ရာ ရပြီးစားမဝင်ခဲ့သည်မှာ Mona မဝင်ရောက်လာခင်ထိပင်ဖြစ်သည်။

     "အင်းဟုတ်တယ် ဒီရက်ပိုင်း ကိစ္စလေးတွေ ရှိလို့"

    "နင့် အသားအရည်က နည်းနည်း......ခြောက်ကပ်နေသလိုပဲနော် ဟီးဟီး" ဟုတ်ပါတယ်လေ Monaဝင်ရောက်ပြီးချိန်ပြန်ကောင်းအောင်လုပ်နေပေမယ့် အချိန်တစ်ခုတော့ ယူရမယ်မဟုတ်လား ဒါတွေကြားရင် ဟိုကောင်ကိုသတ်ချင်လေပဲ Zzzz.

Just U (System)Where stories live. Discover now