Arc 2.8

258 31 0
                                    

Unicode

   ယနေ့သည်ကား ရန်ဂျိုနိုင်ငံမှလာလည်သူများကို ဧည့်ခံသည့်ပွဲနေ့ဖြစ်သည်။ ပွဲသို့လာသူများလည်း လူစုံနေပြီဖြစ်သည်။ ပွဲရဲ့ထိပ်ဆုံးမှာ ပုလ္လင်နှစ်ခုက ထည်ဝါစွာတည်ရှိနေလေသည်။မင်းသားများနှင့်မူးမတ်များကတော့ ဘေးတစ်ချပ်စီမှာ တည်ခင်းထားလေသည်။ အလယ်တွင်တော့ ကပြဖျော်ဖြေမည့်စင်မြင့်ရှိလေသည်။ တစ်ခုခု အမှားအယွင်းမဖြစ်စေရန် ကိုယ်ရံတော်များ ၊ ရဲမက်များကလည်း လုံခြုံရေးကိုသေချာ စစ်ဆေးစောင့်ကြည့်နေကြလေသည်။

   ဟန်ယုတို့ရဲ့ အစီအစဥ်သည်ကား ပွဲ၌ ရန်ဂျိုဘုရင်ကို မျှားဖြင့်လုပ်ကြံမည်ဖြစ်သည်။ ပြီးလျှင် မျှားပစ်သူကို သူတို့က ဖမ်းမိသလိုလုပ်ပြီး လုပ်ကြံသူထံမှ အိမ်ရှေ့မင်းသားခိုင်းကြောင်း ပြောကာ ထောင်နန်းစံအောင်လုပ်မည်ဖြစ်သည်။ သူကတော့ အခန့်သားနေရာဝင်ယူမည်။ သူတို့အစီအစဥ်သည်ပြည့်စုံသည်။ သို့သော် Mona ကရောဘယ်သူမို့လို့လဲ System အားကိုးနဲ့ မိုက်နေသောသူဖြစ်သည်။ သူမက အစီအစဥ်တစ်ခုလုံးကိုသိပြီးသားဖြစ်သည်။

   အခုဆိုရင်အကုန်လုံးက နှုတ်ဆက်နေရာယူပြီးထားကြပြီဖြစ်သည်။ ဖျော်ဖြေသူများကလည်း ကပြနေကြပြီ။ Mona ကတော့ မျက်လုံးရှင်ရှင်ဖြင့် စောင့်ကြည့်နေလေသည်။ ထို့နောက် ရန်ဂျို ဘုရင်ကို ကြည့်ကာပြုံးပြီးခေါင်းညိတ်ပြလေသည်။ ရန်ဂျိုဘုရင်ကလည်း ပြန်ပြုံးပြပြီးခေါင်းညိတ်လေသည်။ ဟုတ်ပါတယ် သူတို့နှစ်ယောက်က သီးသန့်အစီအစဥ် တစ်ခုလုပ်ထားလေသည်။ ဟိုတစ်ခါ ရန်ဂျိုနိုင်ငံမှာရှိတုန်းက တောင်းခဲ့သောဆုက အခု အကောင်အထည်ဖော်ရပေတော့မည်။

  လုပ်ကြံရေးသမားက ဖျော်ဖြေသူပုံစံဖြင့်လုပ်ကြံမည်ဖြစ်သည်။ မကြာခင် လှုပ်ရှားပေတော့မည်။ Mona ကအိမ်ရှေ့မင်းသားကိုကြည့်ကာ အချက်ပြလိုက်လေသည်။

  အခုတော့ လုပ်ကြံရေးသမားက ဖျော်ဖြေနေရင်း ရန်ဂျိုဘုရင်ကို မျှားအသေးလေးဖြင့် ပစ်လိုက်လေသည်။ Mona လည်း ချက်ချင်းလှုပ်ရှားကာ ထိုမျှားကို အစားဝင်ခံပေးလိုက်လေသည်။ အကုန်လုံး တုန်လှုပ်သွားလေသည်။ အိမ်ရှေ့မင်းသားကလည်း အစီအစဥ်အတိုင်း လုပ်ကြံသူကို သတ်လိုက်လေပြီ။

Just U (System)Where stories live. Discover now