Arc 1.5

368 52 2
                                    


  "ဒါဆို အစည်းအဝေး ပြန်စကြတာပေါ့"

  "အများဆုံး ရှယ်ယာရှင်က Mr.ဘရေ့ ပဲဆိုတော့...."

  "ခဏ ခဏ အများဆုံးက သူဆိုတာ ရှင်တို့သေချာလို့လား "

  "ဘာကိုဆိုလိုချင်တာလဲဗျ"

  "ယုလုပ်ငန်းစုက ရှယ်ယာက 30% ပြီးတော့ Mr.Jo နာမည်နဲ့ 10% ရှယ်ယာက ယုလုပ်ငန်းစု အောက်ကို မနေ့ကလေးတင် တရားဝင်လွှဲထားပြီးဖြစ်လို့ အခု 40% ဖြစ်သွားပါပြီ " သေချာတာပေါ့ Mr.Jo ဆိုတာသူမ နာမည်ဝှက်ဖြစ်သည်။

   " 40% ကအများဆုံးမှမဖြစ်နိုင်သေးတာ Mr.ဘရေ့က 50% လေ"
ထိုအချိန် ဘရေ့က ကြောက်ဒူးတုန်နေလေပြီ။

   "ရှင်တို့ကလဲ မလောနဲ့လေ ကျမ ပြောလို့မပြီးသေးဘူး.....မကြာသေးခင်က ဟိုဘက်နိုင်ငံက A Company ကို ဘရေ့ 30% ရှယ်ယာရောင်းထားတယ်ဆိုတာ ရှင်တို့မသိဘူးလား"

   "ဘယ်လို..... ဘရေ့ ဟုတ်လား"

    "ဟုတ်တယ်" ဘရေ့ ခေါင်းကိုငုံထားပြီးဆိုသည်။

  "ကံကောင်းချင်တော့ အဲ့တာကျမ အဖေ Company ပြီးတော့ကျမကဆက်ခံသူဆိုတော့ အဖေက ရှယ်ယာတွေအကုန် ကျမကိုလွှဲပြောင်းပြီးပြီ"

   "ဘာ"  ဘရေ့ အော်လိုက်ခြင်းဖြစ်သည်။

   "မင်း....မင်းက" ဘရေ့ပြော​နေတာကိုပင် မစောင့်တော့ပဲ Mona ကဖြတ်ပြောလိုက်လေသည်။

  "ဆိုတော့ကာ ကျမကရှယ်ယာအများဆုံးပဲ ဒီရာထူးကို ကျမပိုင်ပြီ ဘယ်သူဘာပြောစရာရှိသေးလဲ"

   "မရှိတော့ပါဘူး" ရှယ်ယာရှင်များ တစ်ပြိုင်တဲပြောလာကြလေသည်။

  "အဲ့တော့ Mr.ဘရေ့ ဒီညနေအမှီ ရုံးခန်းကို ရှင်းပေးထားပါနော်....ရှင်နဲ့ပတ်သတ်တာအကုန်ယူသွားနော်.....အော်ဒါနဲ့ သန့်ရှင်းရေးတွေကိုအဲ့အခန်းကို ပိုးသတ်ဆေးနဲ့ဖြန်းပေးထားပါလို့"

  "တောက်..." ဘရေ့ဒေါသတွေထွက်နေပြီဖြစ်သည်။

  "အစည်းအဝေး ပြီးပါပြီ"
 
    အကုန်ပြန်သွားပြီးနောက် အခန်းတဲမှာ ဘရေ့နှင့်Mona သာကျန်ခဲ့တော့သည်။ ထို့နောက် Mona က ဘရေ့နားကပ်သွားကာ

    "ကျမပြောပါတယ် ကျမကနောင်တရမဲ့သူမဟုတ်ပါဘူးလို့"

    "ဒါမင်း ငါ့ကို သပ်သပ်လုပ်တာမလား"

  Monaတစ်ယောက် ပြန်မပြောတော့ပဲ အော်ရယ် ပြီးသာထွက်လာလိုက်တော့သည်။ သူမထွက်သွားပြီးနောက် အခန်းတဲမှ ပစ္စည်း တွေပစ်ပေါက်ပြီး ဒေါသထွက်သံများကြားနေရလေသည်။

    "60% တာဝန်ပြီး​မြောက်သွားပါပြီ Host "
    "အိုကေ"

--------

     ဘရေ့ အစည်းအဝေးပြီးတော့ ဒေါသတွေပေါက်ကွဲပြီး အိမ်ကိုပဲ ပြန်လာခဲ့လိုက်သည်။ ပြန်လာတဲ့ကားပေါ်မှာ သူ့ဖုန်းကို စာတစ်စောင်ရောက်လာလေသည်။ သူအဲ့စာနဲ့စာမှာပါတဲ့ပုံကိုမြင်ပြီး ဒေါသက နှစ်ဆ ထပ်ထွက်လာသည်။ အဲ့စာကတော့ ဆက်တစ်ယောက် ဖောက်ပြန်နေတဲ့ပုံနဲ့အကြောင်းအရာပင်ဖြစ်သည်။ အသေအချာပင် ဒီစာကို Mona ပို့လိုက်ခြင်းဖြစ်သည်။ မီးစာထပ်ထည့်လိုက်ခြင်းပင်ဖြစ်သည်။

     ဘရေ့ အိမ်ပြန်ရောက်တော့ အိမ်မှာ ဆက်မရှိပေ။ ထို့ကြောင့် ဖုန်းဆက်ပြီး
   "မင်း မသေချင်ရင် ခုချက်ချင်းအိမ်ပြန်လာခဲ့ ဆက်"

   တစ်ဖက်က ပြန်ဖြေသံကိုပင်မစောင့်တော့ပဲ ဖုန်းချလိုက်လေသည်။ နာရီဝက်လောက်နေတော့ ဆက်ပြန်ရောက်လာလေသည်။ အိမ်တဲဝင်လာပြီးပြီးချင်း မြင်လိုက်ရတာက အိမ်တစ်ခန်းလုံး ရစရာမရှိအောင်ပေါက်ခွဲ ထားခြင်းပင် သူမအကြိုက်ဆုံး ပန်းအိုးလေးလဲအပါအဝင်ဖြစ်သည်။ အစေခံတွေကတော့ အဝေးမှာရပ်နေရင်းကြောက်ဒူးတုန်နေကြလေသည်။

    "ရှင် ဒါဘာတွေဖြစ်နေတာလဲ ဒါကျမအကြိုက်ဆုံးပန်းအိုးဆိုတာ ရှင်မသိဘူးလား"

   "ငါ အခုချိန်မှာ ဒါတွေကိုဂရုစိုက်မယ်ထင်နေလား ဒါကိုကြည့် နင်ဘာအချိုး ချိုးနေပြန်တာလဲ" ပြောပြီး ဖုန်းကို ပစ်ပေါက်ပြီးပေးလိုက်လေသည်။

ဆက်တစ်ယောက် ဖုန်းကိုကြည့်ပြီး
   "ဒါ ဒါကျမမဟုတ်ဘူး စွပ်စွဲခံရတာပါ ကျမ မဟုတ်ဘူး တောင်းပန်ပါတယ်ကိုရယ်"

   "ဒီလောက် သိသာနေတာတောင် ငြင်းချင်သေးတယ်ပေါ့ ဒီလောက်ဖြစ်နေမှတော့ လာစမ်း"

   ဘရေ့တစ်ယောက် ဆက် ကိုဆံပင်မှကိုင်ဆွဲခါ်လာပြီး မညှာမတာ ရိုက်နှက်နေတော့သည်။ ဆက်က ပါးစပ်မှ တသွင်သွင် တောင်းပန်နေသော်လည်း ဘရေ့က လုံးဝနားတဲမဝင်တော့ပေ။ အိမ်တစ်အိမ်လုံး ရိုက်နှက်သံ အော်ဟစ်သံ များဖြင့် ပြည့်နေတော့သည်။ အိမ်ရဲ့အစေခံများလည်း ကူညီချင်သော်လည်း မစွမ်းသာပေ။ နောက်တစ်နေ့တွင်တော့ ဆက်တစ်ယောက် ဆေးရုံတတ်နေရတဲ့ သတင်းသာကြားရတော့သည်။

[နောက်တစ်ပိုင်းဆို Arc1 ဇာတ်သိမ်းပြီနော်😁]

Just U (System)Where stories live. Discover now