Arc 2.4

286 40 0
                                    

Unicode

"သခင်ကြီး သခင်မလေးဟွားဟွား ပြန်ရောက်လာပါပြီ"

"ဘာလုပ်နေတာလဲ သွားကြိုဖို့ပြင်တော့လေ"

"ဖေဖေ"

"ပြန်လည်ကြိုဆိုပါတယ် သမီးလေး ခရီးက ပန်းလာပြီးဆိုတော့ နားတော့လေ"

"ရပါတယ် သမီး မင်းကြီးစီပို့ပေးရမဲ့စာပါလာလို့ နန်းတော်တဲ ခဏဝင်ရပါမယ် ဖေဖေ"

ထိုသို့ပြောလိုက်တော့ အဖေဖြစ်သူမျက်နှာမကောင်း သူ့သမီး မင်းသားလေးလက်ဆက် လိုက်တဲ့အကြောင်း သိပြီး ဝမ်းနည်းသွားမှာ စိုးရိမ်၍ဖြစ်သည်။ ထိုအကြောင်းကို Mona ကသိတော့

"သမီးအားလုံးသိပြီးပါပြီ ဖေဖေ စိတ်ပူစရာမလိုတော့ပါဘူး"

သမီးဖြစ်သူကိုယ်တိုင်ပြောလာတော့လဲ
"ဒါဆိုလည်း မြန်မြန်သွားပြီးပြန်လာခဲ့ သမီးကြိုက်တဲ့ဟင်းချက်ခိုင်းထားလိုက်မယ်"

"ဟုတ်ကဲ့ပါဖေဖေ"

'Host မနက်မှသွားလဲ ရတာကိုနားတာမဟုတ်ဘူး'

'သူတောင်းစားကောင်နဲ့ ကိစ္စဖြတ်ချင်နေပြီဟ ငါ့ကိုသူအခုဘယ်မှာလဲ စုံစမ်းပေး'

'အိုကေ'

System နဲ့ပြောပြီး သူမရှေ့ဆက်လုပ်ရမယ့် ကိစ္စများကို တွေးပြီး ဝေါယာဥ်ဖြင့် နန်းတော်သို့ချီတက်လေသည်။

"မမလေး ရောက်ပါပြီ"

"အင်း"

'ပြန်ရောက်လာပါပြီ Host သူအခုမင်းကြီးရယ်သူ့မိန်းမ မိန်မိန်တို့နဲ့အတူ ရှိနေပါတယ်'

'အို့....ပိုကောင်းသွားတာပေါ့'

ထိုအချိန်၌ နန်းတော်တွင်းတစ်နေရာ၌

"သားတော် ကိုယ်တော် မြေးလေးတစ်ယောက်တော့ အမြန်ဆုံးချီနိုင်အောင် ဆောင်ရွက်ပေးဦး"

"ဟုတ်ကဲ့ပါခမည်းတော် ဟီးဟီး..... မိန်မိန် ကြားတယ်နော်"

"အို"

"ဟား ဟား ဟား"

ရယ်ပြီး ပျော်ရွှင်နေကြတဲ့အချိန် အပြင်မှ အထိန်းတော်ကြီးထံမှစကားကြားသောအခါ အကုန်လုံးရုပ်များတည်သွားကြလေသည်။ ထိုစကားမှာ

Just U (System)Where stories live. Discover now