Arc 1.4

368 55 0
                                    


          ၁နှစ်ခွဲ ခန့် ကြာပြီးတဲ့ နောက်မှာတော့ Mona ကသူမ အဖေရဲ့ Company မှာ သြဇာအာဏာ အရှိဆုံးလူ ဖြစ်ခဲ့ပြီ။ သူမရဲ့ ယုလုပ်ငန်းစု ကလဲ အဲ့ဒီနိုင်ငံရဲ့ Top 3 တဲဝင်နေပြီ ဖြစ်သည်။ ဘရေ့တို့ Company ကတော့ Top 10 တဲဝင်နိုင်ဖို့တောင်အနိုင်နိုင် ဖြစ်နေပြီဖြစ်သည်။ ဒါပေါ့ သူမရဲ့ စနက်ကြောင့်ပေါ့။

      System ရဲ့အကူအညီနဲ့ ဘရေ့နဲ့ဆက် တို့ရဲ့ အကြောင်းကို သူမ သိနေခဲ့တယ်။ သူတို့နှစ်ယောက်က အရင်လိုမငြိမ်းချမ်း မချစ်ခင်ကြတော့ပေ။ ဘရေ့က အလုပ်က ဖိအားတွေကြောင့် ခေါင်းပူပြီးအလုပ်ရှုပ်နေပေမယ့် ဆက် ကတော့ ဘာမှမလုပ်တတ်မကိုင်တတ် ပိုက်ဆံဖြုန်းဖို့သာ သိနေလေရဲ့။ ဘရေ့က အလုပ်ကိုသာအာရုံစိုက် ဦးစားပေးနေရတာကို ဆက်က နားလည်မပေးပဲ ဘေးကတကျီကျီသာလုပ်နေပြီး အပြင်မှာလဲ နောက်ကောင်လေးတွေနဲ့ ပျော်ပါးနေလေရဲ့။

        ဒါတွေသိတဲ့ Mona ကငြိမ်နေမှာတဲ့လား ဆက်ရဲ့ ဖောက်ပြန်နေတာတွေကို ဓာတ်ပုံရိုက်ထားပြီးဖြစ်သည်။  သူမ နောက်ဆုံးတော့ ဒီနိုင်ငံကို ပြန်လာခဲ့ ပြီ။

    "ယုအာ ဘာလိုလိုနဲ့ နင့်အတွက် လက်စားချေပေးရတာတောင်ပြီးတော့မယ်နော် နင်ကျေနပ်အောင် ငါလုပ်ပေးမှာပါ"

--------

        "ဆက် ဒီပုံတွေကဘာတွေလဲ ငါကတော့ ငါတို့ချမ်းချမ်းသာသာ ဆက်နေနိုင်ဖို့ အလုပ်ကြိုးစားနေရတာ နင်ကတော့ ကူညီဖို့နေနေသာ ပျော်ပါးနေဖို့ပဲသိတယ် ယုအာ သာဆို ဒီလိုနေမှာမဟုတ်ဘူး"

    "အော် နင်က ခုတော့ ဘာလဲနောင်တရနေတာလား နင်မှငါ့ကိုအရင်လိုဂရုမစိုက်တာ ငါ့ဘာသာပျော်စရာရှာရတော့တာပေါ့"

    "သူခိုးက လူပြန်ဟစ်နေသေးတယ် ကောင်မ" 'ဖြန်း ဖြန်း ဖြန်း' ဘရေ့တစ်ယောက် ဒေါသမထိန်းနိုင်ပဲ ဆက် ကိုရိုက်လိုက်ခြင်းဖြစ်သည်။

       Mona ကတော့ System အကူအညီနဲ့ Live Show ကြည့်ပြီးရယ်နေလေရဲ့။ အဲ့ဒီပုံတွေကိုလဲ သူမ ကဘရေ့စီ နာမည်ဝှက်နဲ့ ပို့လိုက်ခြင်းဖြစ်သည်။ ဖောက်ပြန်ခံရတာဘယ်လိုခံစားရလဲဆိုတာ သိအောင် ပို့လိုက်ခြင်းဖြစ်သည်။

          ဘရေ့တို့ Company အခတ်အခဲတဲရောက်နေသဖြင့် ဘရေ့က သူ့ရဲ့ရှယ်ယာ 30 ရာခိုင်နှုန်း ကို နိုင်ငံခြားက နာမည်ကြီးCompany တစ်ခုကို ရောင်းချလိုက်လေသည်။ နိုင်ငံခြားကသူကိုရောင်းထားမှ သူရောင်းတာလူမသိမှာဖြစ်သည်။ ဘယ်သူသိမလဲ ဒါဟာသူ့ကိုအောက်ဆုံးထိဆွဲချလိိမ့်မယ်လို့။

       ဒီနေ့ကတော့ ဘရေ့တို့Company ရဲ့ရှယ်ယာရှင်များအစည်းအဝေးဖြစ်ပြီး ရှယ်ယာအများဆုံးပိုင်ရှင်က Companyရဲ့ CEO ရာထူးကို လွှဲပြောင်းယူရမှာဖြစ်သည်။ အကုန်လုးလဲလူစုံနေကြပြီဖြစ်သည်။

     "လူစုံပြီဆိုတော့ အစည်းအဝေးစလိုက်ကြရအောင်"

     "အများဆုံးရှယ်ယာရှင်က ဘရေ့ပဲ ဖြစ်နေသေးတာမို့ ဒီရာထူးကိုသူပဲ ပြန်....."

      "ခဏ....ခဏနော်ဖြတ်ပြောလိုက်ရတာ အားနာပါတယ် ကျွန်တော့ Boss စီက ခုပဲဖုန်း ရလို့ပါ သူဒီအစည်းအဝေးကိုလာနေပါပြီဲတဲ "

"မင်းက ယုလုပ်ငန်းစု ရဲ့ပိုင်ရှင် မဟုတ်ဘူးလား " ဘရေ့ မေးလိုက်ခြင်းဖြစ်သည်။

   "မဟုတ်ပါဘူးဗျာ ကျွန်တော့က Boss ခန့်ထားတဲ့အလုပ်သမား တစ်ယောက် သာသာပါဗျာ"

ထိုအချိန်၌ တံခါးပွင့်လာလေသည်။ပြီးတော့ ဒေါက်ဖိနပ်လှလှလေးကိုစီးထားတဲ့ ကောင်မလေးတစ်ယောက် လှပစွာဝင်လာလေသည်။

   "အားလုံးပဲ နောက်ကျသွားလို့ sorry နော်"

   ဒီအသံ ဒီအသံ ငါကြားဖူးတယ် ဘရေ့မော့ကြည့်လိုက်လေသည်။

   "ယုအာ" ဘရေ့လန့်ခြင်းနဲ့အတူအသံကျယ်စွာပြောမိလိုက်လေသည်။

    "အိုး....ဘာလဲ သူငယ်ချင်းဟောင်းကြီးရဲ့" Mona အပြုံးလေးနဲ့ ပြန်ပြောလိုက်ဖို့လဲမမေ့ပေ။
       "စကားမဆက် မတွေ့တာတောင်ကြာပြီနော်...ခ်ခ်ခ်"

    "မင်္ဂလာပါ Boss" ထိုသူနှုတ်ဆက်လိုက်မှ အားလုံးက အံသြနေကြလေသည်။

  ဒါဆို သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ ယုလုပ်ငန်းစု ကိုအချိန်တိုတွင်း အောင်မြင်အောင်လုပ်နိုင်တဲ့သူလေးပေါ့ သြချရလောက်ပါပေတယ်။ ပြီးတော့ သူမက Mr.ဘရေ့ ရဲ့ဇနီးဟောင်းမလား ပွဲကတော့ တော်တော်လှ ပြီဟေ့။ တီတိုးပြောဆိုနေကြခြင်းဖြစ်သည်။ ဘရေ့ကတော့ ဒေါသကြောင့် မျက်နှာကြီးနီနေလေရဲ့ ။

( Stay Safe And Healthy နော် အားလုံးပဲ ဂရုစိုက်ကြပါ 🙆❤)

Just U (System)Where stories live. Discover now