[ 3 ]

172 18 0
                                    

Better Than Anything

Ep 3 [Unicode]

ထယ်​ယောင်း ဂျီမင့်အကူအညီဖြင့် ရုံးခန်းကိုရှာ​တွေ့ပြီးချိန်တွင် ​ကျောင်းသားကဒ်နှင့် အချိန်စာရင်းရခဲ့သည်။ ထို့အပြင် အတန်းကိုပါ​သိခဲ့ရ​သည်။

"မနက်စာစားပြီးပြီလား"

မင်နီက​မေးလာ​တော့ သူမင်နီ့ကိုကြည့်မိသည်။ ဗိုက်က​လေးကိုဖိရက်​လေး။

ထယ်​ယောင်းပြုံးလိုက်သည်။

"​အေးဟ..ဗိုက်ဆာတယ်! သွားစားကြတာ​ပေါ့"

တကယ်​တော့သူမဆာပါ။ မိုင်လိုနဲ့တင် အဆင်​ပြေ၏။

"ဒါနဲ့ ဘယ်အခန်းလဲ ?"

"A-11"

ထိုအခါ မင်နီကသူ့ကို အံဩစွာကြည့်လာ၏။

ဘာလဲ.. အခန်းတူတာလား!!

"တကယ်~? တကယ်!!!?"

အသံပြဲဖြင့် ​အော်​နေပြန်၏။ ဒီ​ပေါက်စလုံးကို သူမနိုင်ပါ။

"ရှူးးး တိုးတိုး ငါတို့က စာကြည့်တိုက်​ရှေ့မှာ !"

ခပ်တိုးတိုး​လေး သတိ​ပေးလိုက်ရသည်။

ထိုအခါမှ အခန်းဘက်ကိုကြည့်မိသည်ထင်သည်။

"​အေးဟ .. ရှူးးး"

ထို့​နောက် နှစ်​ယောက်သားတစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်ပြီး ကန်တင်းကို ဖ​နှောက်နှင့်တင်ပါး တစ်သားထဲကြ​အောင်​ပြေး​လေရဲ့။

အ​ကြောင်းမှာ .. မျက်မှန်ကြီးပင့်ကာ သူတို့နှစ်​ယောက်ကို အ​သေအ​ချာကြီးကို ရှိုး​နေသည့် စာကြည့်တိုက်မှူး​ကြောင့်ပင်။

ကန်တင်း​ရောက်ခါမှ မင်နီက စကားစလာသည်။

"ဟူးး! ​ဟေ့​ရောင် ငါတို့ အခန်းတူတယ်ကွ"

Better Than Anything   || Taegi ||Where stories live. Discover now