[ 4 ]

174 17 1
                                    

Better Than Anything

Ep 4[ unicode ]

ဟိုဆော့နှင့်စကားပြောရင်းမှ ယောင်းလေးလာပြီလားဟု ယွန်ဂီ လမ်းမကိုတစ်ချက်ကြည့်မိသည်။ တွေ့ပြီ..။

အင်္ကျီ အနီအမဲအစင်းကြားကိုမှ ဂျင်းဘောင်ဘီအနက်လေးဖြင့် ထိုကောင်လေး။ ကျောင်းအင်္ကျီနဲ့မဟုတ်လည်းကြည့်ကောင်းနေ၏။

ယွန်ဂီပြုံးလိုက်သည်။ သို့သော် ကားပေါ်ကနေ ယောင်းအား လှမ်းစကားပြောနေတဲ့သူတစ်ယောက်။ ထိုသူ့ကိုမြင်အပြီး ယွန်ဂီ့မျက်နှာမှာ တစ်ခနအတွင်း ပြုံးရာက မဲ့သွားလေ၏။ အသက်အရွယ်သိပ်ကွာပုံမရသည်မို့ ယောင်းရဲ့ ချစ်ရသူဟု ယွန်းဂီထင်မိသည်။

"လာပြီလား "

ဟိုဆော့အမေးကြောင့် ယွန်ဂီခေါင်းငြိမ့်ပြကာ ထယ်ယောင်းကိုလက်လှမ်းပြလိုက်သည်။ သူ့ကိုတွေ့အပြီး လှုပ်စိလှုပ်စိနဲ့ပြေးလာတဲ့ပုံလေးကြောင့် ယွန်ဂီ့ နှလုံးခုန်မြန်လာရ၏။

တစ်ကယ်ချစ်စရာလေး။

နှလုံးခုန်နှုန်းကို လှစ်လျူရှူရင်း ယွန်ဂီ ဟင်းရည်ကိုသာကုန်းသောက်နေလိုက်၏။ သူအဆင်သင့်မဖြစ်​သေးပါ။ သံ​ယောဇဥ်တွဲလျှင် နာကျင်ရသည်မို့။

ထယ်ယောင်းကခုံပေါ်ထိုင်ရင်း တစ်ဆက်တည်း သူ့ဦးလေးပါကြောင်းပြော​လေ၏။ ဦးလေး? ထိုစကားကြောင့် ယောင်းကိုမျက်လုံးမလွှဲပဲ ​ယောင်းပြောနေတဲ့စကားကိုနားထောင်နေတဲ့ ယွန်ဂီ ပြုံးပြုံးလေးပြန်ဖြစ်သွားပါ၏။ သူ့ကိုယ်သူလည်းသတိထားမိပုံမရ​ပေ။

အညိုးညိုးသော မင်ယွန်ဂီပါပဲ။

"ဟို.."

အားနာပါးနာပုံစံ​လေးဖြင့် ဂုတ်​လေးကို လက်ဖြင့်ပွတ်ကာ ​ယောင်း စကားဆိုသည်။

"ရတာမို့ စိတ်မပူနဲ့တော့"

အားနာပြီး ထပ် အားနာတော့မည့် ယောင်းကြောင့် ယွန်ဂီ ယောင်းရဲ့စကားကိုဖြတ်ကာပြောလိုက်သည်။

ထိုစကားကိုကြားတဲ့အခါ ခေါင်းလေးငြိမ့်ပြလာတဲ့ ယောင်း။ မဖြစ်စ​လောက်​လေးပါပြုံးပြ​သော​ကြောင့် နဂိုပါး​ဖောင်း​​ဖောင်း​လေးဟာ ယခုမှ လတ်လတ်ဆက်ဆက် ​ဖုတ်ထားသည့် ပေါင်မုန့်​ဖောင်း​ဖောင်းလေးလို...။ ချစ်စရာအတိပင်။

Better Than Anything   || Taegi ||Where stories live. Discover now