[ 1 ]

721 53 18
                                    

Better Than Anything

Ep-1

[Unicode]
"ဟူး"

မျက်စိရှေ့မှောက်တွင်ရှိနေသည့်
ကျောင်းကြီးကိုကြည့်၍ကျွန်တော် စိုးရိမ်စိတ်များစွာဖြင့်လေပူတစ်ချက်မှုတ်ထုတ် လိုက်သည်။
ဒီကျောင်းမှာလဲကျွန်တော့်ကိုအနိုင်ကျင့်မည့်သူ
တွေပေါ်ဦးမည်လေ..

'ဟက်! တစ်ဘဝလုံးဒီလိုဖြတ်သန်းလာပြီး ကြောက်နေသေးတာလား ? မင်းကြံ့ခိုင်သင့်ပြီကွာ '

ကိုယ့်ပါ့ကိုယ် လှောင်လိုက်ကာ စိတ်တင်းထားလိုက်ရုံမှလွဲ ကျနော်လည်း ဘာမှမတက်နိုင်တော့ပါ။

သိုပေတည့် ဦး ကထပ်မပြောင်းရတော့ဘူးဆို၍ ဒီကျောင်းကာနောက်ဆုံးဖြစ်၏ ။ ဟုတ်သည် ။ အထက်တန်းဒုတိယနှစ်ပင်ရောက်နေပြီ ထပ်ပြောင်းရင်လည်း ကျနော်ပဲထိခိုက်မည်လေ ။

စိတ်ကိုတင်းသထက်တင်းအောင်ထားပြီးသာ လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ကျောင်းဝန်းထဲသို့ဝင်လာခဲ့လိုက်သည်။

ကျောင်းဝန်းကြီးမှာမြက်တွေအပြည့်ဖုံးလွှမ်းနေပြီး
ဥယာဉ်မှူးကြီးက ရေပတ်ထားတယ်ထင်ပါရဲ့
ရေစက်လေးတွေမှာ အရွက်စိမ်းလေးများပေါ်၌ တင်၍နေသည်။ လွန်စွာ ကြည့်ပျော်ရှုပျော်ပေ၏ ။

ထို့အပြင် ကျောင်းဝန်းကြီးမှ အစိမ်းရောင် မြက်ကလေးများနှင့်ကျောင်းအဆောက်အုံ
မီးခိုးရောင်ဖျော့တော့တော့တို့မှာ မိုးကောင်းကင်၏
ဖျော့တော့စွာရှိနေသည့် အပြာရောင်နှင့် လိုက်ဖက်စွာတည်ရှိနေလေ၏။

ထယ်​ယောင်းမှာ ကျောင်းသားသစ်ဖြစ်၍ အတန်းတက် ရမည့်အခန်းမသိသေးသဖြင့် ယောင်လည်လည်ဖြင့် ရုံးခန်းကိုသာလိုက်ရှာရ၏။

🐟🐟🐟

ဒီနေ့ ကျောင်းတက်ရမည့်နေ့မှန်းသိသော်လည်း အနှောက်ယှက်တစ်ခုသာဖြစ်သည်မို့ နှိုးစက်ကိုသံပတ်မပေးဖြစ်ခဲ့ ။

၈း၀၀ ထိုးသွားပြီဖြစ်၍ သူ့သားအလိမ္မာတုံးလေးအကြောင်းအရိုးစွဲနေသော

Better Than Anything   || Taegi ||Where stories live. Discover now