[6]

163 15 7
                                    

Better Than Anything
Ep [6]

[Unicode]

စာအုပ်တွန်းလှည်းကို ​​နောက်တစ်တန်းဆီကို တွန်းနေတုန်း ပုခုံးကို တို့လာတဲ့လက်​ကြောင့် ယွန်းဂီ အ​နောက်လှည့်လိုက်သည်။ 

"​မင်း နောက်ကျတယ်"

"မင်း ​နောက်ကျတယ်" ​ယောင်းက သူ့အမူရာကို တုကာ ဆူပုတ်ရင်း လိုက်ပြောသည်။

"​စောင့်ပါဆိုမ​စောင့်ဘူး"

ထပ်တိုးအ​နေဖြင့် မျက်​စောင်းထိုးရင်း ​ပြောကာ လက်ပါပိုက်လိုက်​သေးသည်။

ယွန်းဂီက ပြုံးရင်းသာ ယောင်းအနားသို့ တိုးကပ်သွားလိုက်သည်။​ ​ယောင်းက လန့်ကာ ပိုက်ထားတဲ့လက်တို့ကိုဖြည်လိုက်၏။ ယွန်းဂီက ကပ်​လေ​လေ သူက အ​နောက်သို့ ဆုတ်​​လေ​လေ လုပ်​နေရသည်။ ထိုသည်မှာ စာအုပ်စဥ်နှင့် ​ကျောဖြင့်မကပ်ခင်အထိပင်။

စာအုပ်စင်နှင့် ​ကျောကပ်သွားပြီဖြစ်သည့် ​ယောင်းက ယွန်းဂီ့ကို မျက်လုံးပြူး​လေးဖြင့်ကြည့်ရှာသည်။ ယွန်းဂီလည်း ထယ်​ယောင်းမျက်လုံးကို ကြည့်ရင်းပင် ​ယောင်းနားကိုထပ်တိုးကာ ​ယောင်းနှင့်ကိုယ်လုံးချင်ကပ်သွားသည်အထိတိုးလိုက်သည်။ တစ်ဖန် ယောင်းမျက်နှာနားကို သူ့မျက်နှာကပ်လိုက်သည်။

တစ်ယောက်အသက်ရှုသံကို နောက်တစ်ယောက်ကကြားနိုင်သည်အထိကို တိုးသွားအပြီးတွင် ​ယောင်းရဲ့ တံ​တွေးမျိုချသံကို ယွန်းဂီကြားလိုက်ရသည်။

"အကို ယွန်းဂီ-ဘာ..- လုပ်"

မဝံ့တရဲပြောရင်း ယောင်းက တဖြည်းဖြည်းမျက်လုံးပိတ်လိုက်သည်။

ယွန်းဂီက ယောင်းရဲ့မေးသံကို ဂရုမစိုက်ပဲ ကြိတ်ရယ်ရင်းသာ သူ့လက်ထဲက စာအုပ်ကို ​ယောင်းရဲ့ ​အ​နောက်နားမှ ​လွတ်နေတဲ့ စင်နေရာပေါ်သို့ တင်လိုက်သည်။

"ဘာတုန်း? ကိုယ်က စာအုပ်စီ​နေတာ​လေ?"

ထိုအခါ မျက်နှာ​လေးတင်မက နားရွက်တွေအထိပါနီလာသော ယောင်းက ယွန်းဂီ့လက်​တွေထဲက ရုန်းကန်ထွက်လိုက်သည်။

"အ-အစ်ကိုက ဘာမှလည်းမပြောပဲ လာတိုးတာကို"

ချစ်ဖို့ကောင်းစွာအရှက်သည်းနေတဲ့ ယောင်းရဲ့ခေါင်းကို ယွန်းဂီထိုးဖွရင်း ခပ်ဟဟအသံထွက်ရယ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jan 08, 2023 ⏰

Add this story to your Library to get notified about new parts!

Better Than Anything   || Taegi ||Where stories live. Discover now