[ 2 ]

326 35 5
                                    

Better Than Anything

Ep-2[Unicode]

အ​ပေါက်ဝ၌ တစ်​ယောက်​ယောက်ဖြင့်ဝင်တိုက်မိသည်။

ယွန်ဂီတစ်​ယောက်ဘာမှမ​ပြောပဲသာ သူ့အင်္ကျီသူကြည့်ကာ ​ကောင်​​လေးကို​​မော့ကြည့်လိုက်သည်။

အညို​ရောင်ဆံပင်။ စိတ်ပူ​နေ​သော မျက်လုံးဝိုင်းဝိုင်း​လေး။ တစ်ခုခု​ပြော​နေဟန်​ကြောင့် ပွင့်ဟ​နေ​သောနှုတ်ခမ်း။ ချစ်ဖို့​ကောင်းသည်က​တော့မှန်ပါ၏။

"ဟို..ဟို​လေ"

"အဟမ်း!
မင်းလမ်းကိုဘယ်လိုလျှောက်လာတာလဲကွ..
ငါဝင်လာတာမမြင်ဘူးလား?ဟမ်?!"

တောင်းပန်ရန် စကားစဖို့ပြင်လိုက်​သော်လည်း စကားပင်မဟရ​သေး တစ်ဖက်သူ၏အပြစ်တင်စကား​ကြောင့် ဆက်၍မ​ပြော​တော့ရန်သာ ထယ်​ယောင်းစဥ်းစားလိုက်သည် ။

အ​ကြောင်းမရှိ ရန်ရှာမည့် လူမျိုးဖြစ်နိုင်သည်မို့ဖြစ်သည်။ အရင် အလယ်တန်းကျောင်းမှ သူ့အတိတ်ကိုသိ​နေသည့်သူဆိုလျှင် သူမည်သို့လုပ်မည်နည်း ။

ထိုသို့သာဆိုလျှင်သတင်းပွပြီး အနှိမ်ခံရ​တော့မှာမြင်​ယောင်​နေမိသည်။ ​ကျောင်းတတ်ရသည်မှာ ၁ရက်ပင်မပြည့်​သေးသည်မို့ သူ အနိုင်​တော့ကျင့်မခံချင်​သေး​ပေ ။

ထယ်​ယောင်း မော်မကြည့်ရဲ​ပေ သို့​သော်လည်း သိချင်စိတ်​ကြောင့်ဖျက်ခနဲကြည့်လိုက်ရ​သေးသည်။ လူ​​ကောင်​သေး​သေး​လေးဖြင့် အသားဖြူဖြူ ​​ကောင်​လေးတစ်​ယောက်။

​ကြောက်သည်။ ​ကြောက်စိတ်ကဘယ်လို​ရောက်လာသလဲသူမသိ​ပေ။ ​မွေးလာတုန်းက ဘုရားက သတ္တိဆိုတာကို မထည့်​ပေးလိုက်၍ထင်။

စိုးရိမ်လွန်းတဲ့​ရောဂါ၊ ထိုသည်မှာမ​ကောင်း​ပါ။ ထစ်ခနဲရှိ စိုးရိမ်​နေမိသည်။ ဟိုလိုဖြစ်မည်လား ဒီလိုဖြစ်မည်လား၊ ဟိုလို လုပ်လိုက်ရမလား ဒါမယ့် သူစိတ်ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ၊ ​ပေး​ကျွေးလိုက်ရမလား အခွင့်​ရေးယူသွားရင် ဘယ်လိုလုပ်မလဲ ဒါမျိုး​တွေလျှောက်​တွေး​နေမိသည်။

Better Than Anything   || Taegi ||Where stories live. Discover now