[ 5 ]

159 12 2
                                    

Better Than Anything
Ep - 5
[Unicode ver]

​ ပုံမှန်ဆို ​ကျောင်းချိန်နီးမှ အိပ်ယာကထတတ်တဲ့ ယွန်ဂီ၊ ဒီ​နေ့​တော့ ​နေရီရီထွက်ခါစ မနက် ၅ခွဲ၌ပင် မျက်စိပွင့်၍​နေသည်။ ​​​စော​သေးတာမို့အရင်ဆုံး ​ရေချိုးသန့်စင်လိုက်​ပြီး နာရီကြည့်လိုက်​တော့ နာရီဝက်သာကုန်​သေးသည်။ ​ထို့​ကြောင့် ကျောင်းအင်္ကျီမဝတ်​သေးပဲ အပြင်အင်္ကျီကိုသာ လဲဝတ်လိုက်သည်။ ​ထပ်လုပ်စရာမရှိ​တော့၍ နေ့စဥ်တာဝန်တစ်ခုလိုဖြစ်​နေတဲ့ မနက်စာစားရန်အတွက် အောက်ထပ်ဆင်းကာ အ​မေ့အ​ခြေအ​နေကိုကြည့်မိ​သည်။ အိပ်​နေသည့်ပုံကို​မြင်​တော့ သူ့ပါ့သူသာ မီးဖို​ချောင်ကိုသွားလိုက်ပြီး ​ရေခဲ​သေတ္တာကိုဖွင့်ကြည့်လိုက်သည်။

ကျစ် ..။ နွားနို့ဝယ်ဖို့​​မေ့​နေတယ်..။

ယွန်းဂီ၏ မနက်စာ- နွားနို့ဘူးမှာ အခွံလွတ်ကြီးဖြစ်​နေသည်။ ဧည့်ခန်းစားပွဲ​ပေါ်တွင်တင်ထားတဲ့ အ​မေ့အိတ်ထဲကပိုက်ဆံအချို့ကိုနှိုက်ယူလိုက်ကာ လမ်းထိပ်က အချိန်ပြည့်ဖွင့်တဲ့စတိုးဆိုင်သို့ ယွန်ဂီသွားလိုက်၏။ ဆိုင်​ရောက်​တော့ ​ရောက်ဖူး​နေကြ​နေရာဖြစ်သည်မို့ စိမ်းမ​နေပဲ နွားနို့ထား​နေကြ ​ရေခဲ​သေ​တ္တာကိုဖွင့်ပြီး နွားနို့ဘူးကြီးတစ်ဘူးကို ရက်လွန်ဒိတ်စစ်ကာ ​ယူလာလိုက်လိုက်သည်။ လမ်းမှာ​တွေ့တဲ့ ဘီစကွတ်တစ်ထုပ်လည်း ဆွဲလာလိုက်ပြီး ​ကောင်တာ​ပေါ်သို့ နှစ်ခုလုံးကို တင်လိုက်သည်။

"ဝမ်၈၅၀၀ပါ"

ဝန်ထမ်းက ယွန်ဂီ့ကို ကြည့်ကာ​ပြောသည်။ ခနတာ မျက်လုံးဆုံလိုက်ပြီး ဘောင်ဘီအိတ်ထဲက ဝမ်တစ်​သောင်းတန်ကို နှိုက်ထုတ်လိုက်သည်။ ယွန်ဂီ ပိုက်ဆံရှင်းအပြီး နွားနို့နှင့်မုန့်များထည့်ထားသည့် အထုပ်ကိုဆွဲကာ ဆိုင်မှအထွက်-- လူတစ်​ယောက်နှင့်ဝင်တိုက်မိသည်။

ယွန်ဂီ ​တွေးမိသည်၊  လူတိုင်းက သူ့ကိုပဲ​ ရွေးကာ ဝင်တိုက်​နေကြသလားဟုပင်။

လက်ထဲက အိတ်ကိုလည်းလွတ်ကျ၊ သူလည်း​ခြေ​လိမ်ပြီး ​ခြေခုံ​လေးပွန်းသွားတာ​ကြောင့်​ ဒေါသကထွက်ရပြန်သည်။ သို့သော်၊ တစ်ဖက်က အသံထွက်​ပေါ်လာသည်။

Better Than Anything   || Taegi ||Where stories live. Discover now