1 - 20221300

1.1K 65 7
                                    

Unicode

အပိုင်း(၁)

2022

တစ်ခုသော ရာစုနှစ်ကဖြစ်ရပ်များစွာ။
ပါးစပ်ပြောရာဇဝင်သာရှိတဲ့အရာတွေက ဖြစ်ရပ်မှန်ဆိုတာ ဒီစာအုပ်ကိုပြုစုခဲ့တဲ့ ကျွန်တော်ကိုယ်တိုင်သာ အသိဆုံးဖြစ်လိမ့်မယ်။

ခေတ်အဆက်ဆက်ပြောင်းလဲလာတဲ့ ရက်စက်လေသူ လောကကြီးက သူမတူအောင် တည်မြဲနေဆဲ။ ကျွန်တော်လည်း ချစ်ရသူအတွက် မပြောင်းလဲပဲတည်ရှိနေဆဲ။

ရှာဖွေနေတယ်။

ရှောင်း....
ဘယ်မှာများလဲ ရှောင်း....။

ရှောင်းပြန်မွေးဖွားလာပြီဆိုတာ ကိုယ်သိတယ်။ လစ်ဟာနေတဲ့ကိုယ့်ရင်ခွင်ကို ထွေးပွေ့ပေးသင့်ပြီ ရှောင်း...။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

လွန်ခဲ့သော နှစ်ပေါင်း၁၃၀၀

"ကူမိဖုရားကို နန်းချသင့်ကြောင်းပါအရှင်မင်းကြီး"

"ကူမိဖုရားကို နန်းချသင့်ကြောင်းပါအရှင်မင်းကြီး"

"ကူမိဖုရားကို နန်းချသင့်ကြောင်းပါအရှင်မင်းကြီး"

ဘုရင့်နန်းဆောင်ရှေ့ရင်ပြင်တွင် အမတ်များ ရာထူးဝတ်ရုံချွတ်ကာ နေပြင်းသောကျောက်သားပူသို့ဒူးထောက်ချလျက် ကူမိဖုရားအား နန်းချဖို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

ထိုခေတ်က နတ်ဘုရားနှင့်နတ်ဆိုးတို့အား ဆင့်ခေါ်နိုင်စွမ်းရှိသည့် နတ်ဆရာမများသည် ဘုရင့်အပါးတော် အတိုင်ပင်ခံဖြစ်သည်။

ကူမိဖုရားက အောက်လမ်းအတတ်သုံး၍ တိုင်းပြည်၏ဖခင်ကိုသတ်ရန် ကြံရွယ်နေသည်ဆိုသည့် ဟောကိန်းကြောင့် မိဖုရားနန်းဆောင်ကို ဝရမ်းထုတ်ရှာဖွေရာ တကယ်ကို အောက်လမ်းပစ္စည်းများစွာက သက်သေရှောင်လွှဲမရအောင်ဖြစ်ရသည်။

ကူမိဖုရားဆိုသည်မှာ ဘုရင်ကိုယ်တော်တိုင် တော်ကောက်ထားသည့် အချစ်ရဆုံးသော မိဖုရားတစ်ပါးပင်။ ယခုအချိန်တွင် ကူမိဖုရား၌ ရင်သွေးလွယ်ထားရသည်။ သက်တမ်းကား ၇လပင်ရှိနေ၏။

မယုံနိုင်ခြင်းအပူများနှင့် သောကဝေနေသည့် အရှင်၊ နောက်ဆုံးတွင် အမိန့်ချမှတ်လိုက်၏။

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now