16 - 1300

80 4 0
                                    

အပိုင်း (၁၆)

"ဒါနဲ့ ရှောင်းသွားမယ့်နေရာက ...?"

"ရှင်းတောင်"

ဝမ်ရိပေါ်နှင့် ရှောင်းကျန့်တို့နှစ်ယောက်လုံး တောင်ထိပ်သို့ရောက်သည့်တိုင် မည်သည့်အချက်အလက်မျှ ရှာမတွေ့။ ရှောင်းကျန့်ကိုသုံးစေချင်သည့်ဓါးအမျိုးအစားက ဘယ်မှာနည်း။ အချိန်ကား မွန်းလွဲကျော်လို့ နေဝင်ကာနီးဖြစ်၏။ ယနေ့မှာတော့ မနေ့ကလို သည်းကြီးမည်းကြီးမိုး မရွာသွန်းဘဲ သူရိန်နေမင်းကြီးက အစွမ်းကုန်ဖြာဖြာတောက်နေသည်။

ချွေးသီးချွေးပေါက်တို့ ဟိုဒီကျနေသည့် ရှောင်းကျန့်နဖူးပြင်ကို ရိပေါ် သူ့ဝတ်ရုံအစနှင့် ဖြေးညှင်းစွာဖိသုတ်လိုက်သည်။

"ရှောင်းနဲ့လည်း တိကျသေချာခြင်းမရှိတဲ့အရာကို အပင်ပန်းခံပြီးရှာနေရတယ်၊ ဘယ်လိုပုံစံ အကြီးအသေးဆိုတာ အဲ့ကောင်မလေးကမပြောဘူးလား"

"ပြောပြခဲ့ရင် ခုချိန်တွေ့နေပြီပေါ့ကွာ"

ထိုသို့ လျှောက်ရင်းလျှောက်ရင်းနဲ့ပင် တောင်၏အတွင်းပိုင်းထဲရောက်လာကာ ရေစီးသံကြားတာကြောင့် ချုံအနွယ်နွယ်ကိုရှင်းရင်း အသံကြားရာ ဦးတည်ကြသည်။

သစ်ပင်အိုကြီးများ မြင့်မြင့်မားမားအုံ့ဆိုင်းနေသည့်ကြားက စမ်းချောင်းငယ်လေးတစ်ခု။ သေသေချာချာကြည့်မှ ထိုစမ်းချောင်းငယ်သည် စက်ဝိုင်းသဏ္ဍာန်လည်ပတ်စီးဆင်းနေပြီး အစမရှိ အဆုံးမရှိ။ ထိုအလယ်တွင် မြေပုံတစ်ခုဖြစ်ထွန်း‌နေပြီး ရှောင်းကျန့်တို့ရှာဖွေနေသောအရာ တည်ရှိနေ၏။

"အဲ့ဒါက ဓါးလား?"

"ဟုတ်မယ်ထင်တယ်"

"မူမမှန်ဘူး"

ပတ်ဝန်းကျင်ကို သေချာအကဲခတ်နေရင်း ရိပေါ်သည် အစောင့်အရှောက်နတ်တွေကို ဆက်သွယ်လိုက်သည်။ မည်သို့ပင် ဆင့်ခေါ်ဆက်သွယ်နေပါစေ မည်သည့်နတ်ဒေဝါမှ ရိပေါ်အား အသံမပြုကြပေ။

"သတိထား!!"

နားထဲ မြွေတို့၏တွန်သံကိုကြားလိုက်ရတာမလို့ ရှောင်းကျန့်ကို သူ့ရင်ခွင်ထဲဆွဲဖက်ပြီး အာရုံအလုံးစုံတို့ကို ပတ်ဝန်းကျင်အားအလုပ်ပေးနေလိုက်သည်။ မကြာလိုက် ထိုစမ်းချောင်းအလယ်ရှိမြေပုံမှ ဓါးသဏ္ဍာန်ယောင်ယောင်အရာမှ အနက်ရောင်အငွေ့များထွက်လာပြီး မြွေနက်ကြီးတစ်ကောင်ဖြစ်သွား၏။

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Wo Geschichten leben. Entdecke jetzt