7 - 1300

227 37 0
                                    

Unicode

အပိုင်း (၇)

ညနေစာစားဖို့ စားဖိုဆောင်သို့သွားမယ်လုပ်တုန်း တစ်ဖက်အခန်းမှ မေးရိုက်နေတဲ့အသံကြောင့် ရှောင်းကျန့် အခန်းဝသို့ ချောင်းကြည့်လိုက်သည်။

ခြုံစောင်ထဲ နဖူးနဲ့ဒူး ထိမတတ် ကွေးနေသည့်သူကြောင့် အဖျားတက်နေသလားဟူ၍ အခန်းထဲဝင်မိ၏။

တစ်ကိုယ်လုံး အပြာရောင်ဘက်သို့ကူးချင်နေပြီဖြစ်သော အသားအရောင်ကြောင့် ရှောင်းကျန့်ထိတ်လန့်သွားသည်။ ဒါ "ရေခဲငါးပြာအဆိပ်"ကိုက်ခံခြင်း၏ အကျိုးဆက်ပင်။

"ရှောင်းကျန့်! မင်းဘာဝင်လုပ်နေတာလဲ"

ထမင်းအတူသွားစားမည်ဟူသည့်ကတိကြောင့် စားဖိုဆောင်မှာ ရှောင်းကျန့်ကိုမတွေ့၍ အဆောင်သို့ထျန်းအာပြန်လာခဲ့ခြင်းဖြစ်သည်။

"သူ ရေခဲငါးပြာအဆိပ် မိထားတယ်၊ ငါ့အိတ်ကို သွားယူပေးနိုင်မလား"

လူ့ကိုယ်ငွေ့ကပိုနွေးသည်မလို့ ရှောင်းကျန့် ထိုကောင်လေးကို တင်းတင်းကျပ်ကျပ်ဖက်ထားပေးနေသည်။

ရေခဲငါးပြာဆိုသည်မှာ အပြာရောင်နှုတ်ခမ်းထူရှိသည့်ငါးတစ်မျိုးဖြစ်ပြီး သူ့နှုတ်ခမ်းနှင့်ထိတွေ့မိသူတိုင်း ထိလိုက်သည့်နေရာမှစ ခန္ဓာကိုယ်အတွင်းပိုင်းအကုန်လုံးရှိ သွေးကြောတို့ကို အေးခဲတောင့်တင်းစေပြီး တစ်ကိုယ်လုံးပြာနှမ်းကာ ၄၈နာရီအတွင်း သွေးကြောများခဲကာ သေစေနိုင်သည်။ ထို့ကြောင့် ရေခဲငါးပြာအဆိပ်ဟု ကျော်ကြားသည်။

စမ်းသပ်ချက်တုန်းက ထိုကောင်လေး ရေစည်ထဲသို့ ရေခဲငါးပြာ အထည့်ခံရခြင်းကြောင့် ထိတွေ့မိရာ အဆိပ်မိလာခြင်းဖြစ်မည်။

ထျန်းအာ သူ့အိတ်ကိုယူလာပေးသည်နှင့် အိတ်ထဲမှ နောက်ထပ် အနီရောင်ချည်ရှုံ့အိတ်အသေးလေးကိုယူဖွင့်လိုက်သည်။ အမြဲဆောင်လေ့ရှိသည့် ယာယီအဆိပ်ဖြေဆေးကို ထိုကောင်လေးအား မျိုချစေသည်။

*ဒေါက် ဒေါက်*

အဆောင်တံခါး လာခေါက်သံကြောင့် ထျန်းအာပဲ သွားဖွင့်သည်။

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now