3 - 2022

354 45 0
                                    


Unicode

အပိုင်း(၃)

2022

ကျွန်တော်နဲ့ ရှောင်း ပထမဆုံးတွေ့ခဲ့တဲ့ မိုးမမြင်လှိုဏ်ဂူ။ ဘေးပတ်လည်အုပ်မိုးထားသည်က ကျောက်သားများ။ ထိုကျောက်သားထက်တွင် အမျိုးအမည်မသိ ပင်ပေါင်းများစွာကပ်တွယ်ပွင့်လန်းနေသည်။

အဖြူရောင် ဆီးနှင်းကဲ့သို့ ဝတ်ရုံဝတ်ဆင်ထားသည့် လူနှစ်ယောက်က လိုဏ်ဂူ၏အတွင်းကျဆုံးနေရာတွင် မျက်နှာချင်းဆိုင် ဒူးထောက်ချလျက် နဖူးချင်းထိကပ်ထားသည်။ ထိုလူတို့ကသူနှင့်ရှောင်းပင်။ ရှောင်းမျက်နှာထက် မျက်ရည်စက်တွေ။ သူ့မျက်ဝန်းမှာလည်း ငွေ့ရည်ဖွဲ့ကာ ကျလုဆဲဆဲမျက်ရည်များ။

ရှောင်းက သူ့မျက်နှာကိုမော့ယူလို့ နှုတ်ခမ်းနှစ်လွှာပေါ်ဖိကပ်နမ်းရှိုက်နေတယ်။ ဆေးအလုံးတစ်လုံးကို ရှောင်းရဲ့လျှာဖျားလေးနဲ့ သူ့ခံတွင်းထဲစီးဝင်စေတဲ့အချိန် ပြောရခက်သည့် နာကျင်မှုများစွာ။

သူ့ခံတွင်းထဲ ဆေးရောက်သွားသည် သေချာသည်နှင့် ရှောင်းက အနမ်းတို့ကိုဖြတ်တောက်ကာ ကျွန်တော့်ကိုကျောပေးလို့ သွေးတစ်ပွက်အန်ထုတ်နေတယ်။

"ဟင့်အင်း ရှောင်း!
မင်းကိုယ့်ကို ဒီလိုထားသွားလို့မရဘူး"

ကြားနိုင်မလား ကျွန်တော်အော်ပြောမိတယ်။ ဆေးလုံးဝင်သွားသည့်ကျွန်တော်က ထိုနေရာမှာပဲ လဲကျသွားသည်။ ကျွန်တော်မျက်နှာပေါ် ရွေ့လျားသွားနေတဲ့ ရှောင်းရဲ့လက်ချောင်းနုနုလေးများ၊ သူ့နှုတ်ခမ်းမှလည်း စကားတစ်ချို့ကိုပြောနေသည်။

"ငါ .. မင်းဆီ သေချာပေါက်ပြန်လာခဲ့မယ်"တဲ့။ မဟုတ်ဘူး!!

ရှောင်းရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့အဖြူရောင် မြူမှုန်အဖြစ်သို့ ပြောင်းလဲနေတယ်။

"မဟုတ်ဘူး!! ရှောင်း!!
ကိုယ်ခေါ်နေတယ်လေ!! ရှောင်း!!!!"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

"ဟော...ဟော.."
ကျွန်တော် အိပ်မက် မက်နေတာပဲ။ မျက်နှာတစ်ဝိုက်ရှိ ချွေးစေးတို့ကို လက်နှစ်ဖက်ဖြင့်ပွတ်သုတ်ကာ ရှေ့သို့ကျနေသည့်ဆံပင်တို့ကို အနောက်သို့လှန်တင်မိသည်။

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now