13 - 1300

158 29 2
                                    

Unicode

အပိုင်း (၁၃)

အတွေးယာဥ်ကြောထဲ စီးမျောနေချိန် မန်ရွှမ်းပုခုံးပေါ်သို့ စာပို့ငှက်တစ်ကောင် ရောက်လာ၏။

စာလိပ်ကို ဖြေဖတ်ပြီးနောက် အခြေအနေမကောင်းတော့မှန်းသိ၍ တဲအိမ်ပုလေးဆီ မန်ရွှမ်းအမြန်ပြန်တော့သည်။

~~~~~~~~~~~~

"နောက်ထပ် နယ်မြေနှစ်ခု လက်လွှတ်လိုက်ရပြန်ပါပြီ"

"ဇိမ်းနယ်တစ်ဝိုက်က ပြည်နယ်အသေးလေးတွေလည်းပုန်ကန် နေပါပြီအရှင်"

ညီလာခံတွင် လျှောက်တင်လာသည့် ကိစ္စများသည် ထိုက်ရာလင်အတွက် ခေါင်းကိုက်စရာဖြစ်သည်။

ဟွမ်ကျိလည်း ပျောက်နေတာ တစ်ပတ်ရှိပြီ။

"မယ်တော် .. ဒီတစ်ခါတော့ ကျွန်တော့်ကိုခွင့်ပြုပေးပါ၊ စစ်သူကြီးဂူဒါနဲ့အတူ ပုန်ကန်သူတွေကို နှိမ်နင်းခွင့်ပြုပါ"

အမတ်တွေအားလုံးရှေ့မှာ ထပ်မံ၍တောင်းဆိုလာသော သားတော်ကြောင့် ပိုလို့ ခေါင်းပူရသည်။

"ထိုက်မင်းသားရဲ့ စစ်ရေးပညာက ထိပ်ဆုံးအဆင့်မှာရှိနေပြီးသားမလို့ စစ်သူကြီးဂူဒါနဲ့သာ ပေါင်းစပ်ဖြိုခွင်းမယ်ဆို အောင်မြင်မှု ကျိန်းသေရရှိနိုင်မှာပါအရှင်"

"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်၊ စစ်သူကြီးဂူဒါရဲ့ ဗျူဟာသုံးနည်းကို တစ်ဖက်က အကျွမ်းတဝင်ရှိနေပြီးပါပြီ။ ထိုက်မင်းသားရဲ့ အစွမ်းအစတွေကို ချပြချိန်တန်ပါပြီအရှင် .. ထိုက်မင်းသားဆန္ဒအတိုင်း ခွင့်ပြုပေးပါ"

သူတို့ပြောတာ မှန်သည်ပေမဲ့ သူမသားတော် ထိခိုက်မှာတော့မလိုလား။ ဘယ်လိုပဲ သူများအသက်စည်းစိမ်ကို အပြုံးတစ်ချက်မပြတ် ဖျက်ဆီးနိုင်သော်လည်း သူမသားတော်ရဲ့အသက်ကိုတော့ သူမထက် ပိုလို့တန်ဖိုးထား၏။

နောက်ဆုံး ခက်ခဲသည့်ဆုံးဖြတ်ချက်ကိုချလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမသားတော်က တစ်ချိန်မှာ ထီးနန်းဆက်ခံရမယ့်သူပဲမလား။

"အင်း .. ခွင့်ပြုလိုက်မယ်"

"မယ်တော့်ကို စိတ်မပျက်စေရပါဘူး"

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now