10 - 1300

200 30 0
                                    

Unicode

အပိုင်း (၁၀)

ထိုက်ရာလင် အကြောက်ဆုံးအရာဖြစ်လာခဲ့ပြီ။

သူမအုပ်ချုပ်တဲ့ ၄နှစ်မြောက်မှာ ကြာပန်းအကာအကွယ်ပွင့်လာခဲ့ပြီး ၁၈နှစ်အကြာမှာ ထွန်းတောက်ခြင်းကြယ် ပေါ်ထွက်လာခဲ့ခြင်းကြောင့်ဖြစ်၏။

လွန်ခဲ့သော၁၈နှစ်တုန်းက ထိုက်ပြည်မှာ မီးဖွားခဲ့သူတစ်ယောက်မှမရှိပဲ ကြာပန်းအကာအကွယ်ပွင့်လာခဲ့သည်။ ယခု ထွန်းတောက်ခြင်းကြယ် ပေါ်ထွက်လာသည်ဆိုသည်မှာ တော်ဝင်နဂါးအား သူ၏ အထောက်အပံ့ဖြစ်သူက စုံမက်သွားကာ တော်ဝင်နဂါးနှင့်ပတ်သတ်လျှင် အပြည့်အဝကာကွယ်ပေးမည့်စိတ် ပေါ်လာခြင်းကြောင့်ပင်။ ဤကား ထွန်းတောက်ခြင်းကြယ် ခေါ် အရွယ်ရောက်ခြင်း ဖြစ်၏။

"ဒါဆို .. ကူယွဲ့မူရဲ့သား မသေဘူးပေါ့ ၊ ကြာပန်းအကာအကွယ်ကရော ဘယ်နေရာမှာများလဲ! သူမက အခုဆို ၁၈နှစ်အရွယ် မိန်းမပျိုလေးဖြစ်နေပြီ ၊ အထိန်းတော်ချုပ်ဟောက်! ထိုက်ပြည်ထဲက ၁၇ , ၁၈အရွယ် မိန်းကလေးတိုင်းကို အလှည့်ကျ ငါ့နန်းဆောင်ကို ခစားဖို့ အမိန့်ထုတ်ပြန်လိုက်!"

"အမိန့်တော်အတိုင်းပါ။
ဒါပေမဲ့ အရှင် .. ဒီလိုလုပ်တာက ပြည်သူပြည်သားတွေကြားထဲ ပြောစရာစကားတစ်ခုဖြစ်သွားမှာ စိုးရွံ့မိပါတယ်"

"ငါ့သားတော်အတွက် မိဖုရားရွေးရဦးမယ်လေ .. အဟက်! ဘာတွေစိတ်ပူနေတာတုန်း အထိန်းတော်ချုပ်ဟောက်ရဲ့"

"ကျွန်တော်မျိုးမ ဥာဏ်တိမ်မှုကြောင့်ပါ ၊ သေချာစီစဥ်လိုက်ပါမယ် အရှင် .."

"ခြေမြန်တော်မှ အရှင့်အတွက် သတင်းပါလာပါတယ်"

အဆောင်တော်ထဲအမြန်ပြေးဝင်လာသည့်သူကို ထိုက်ရာလင် အလိုမကျစွာစိုက်ကြည့်ရင်း ..

"ဘာသတင်းလဲ!"

"စစ်သူကြီးဂူဒါ .. ဒဏ်ရာအပြင်းအထန်ရသွားပြီး ဇိမ်းနယ်ကိုလက်လွှတ်လိုက်ရတဲ့အပြင် အနီးအနားက သိမ်းပိုက်ခဲ့တဲ့နယ်မြေတွေကိုပါ လက်လျှော့ထွက်ပြေးခဲ့ရပါတယ်။ အခု .. ဒန်းစွိုင်းနယ်ထဲမှာ စခန်းချ ဆေးကုသမှုခံယူနေပါတယ်"

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now