15 - 1300

95 7 2
                                    

Unicode

အပိုင်း (၁၅)

"အိပ်တော့ .. မင်းခရီးပန်းထားတာ"

"ကိုယ်သာမျက်လုံးမှိတ်လိုက်ရင် ရှောင်းပျောက်သွားမှာစိုးလို့"

"မင်း အကဲပိုလွန်းလိုက်တာ"

ပြောလည်းပြော ရိပေါ်ရဲ့ပါးကိုဆွဲညှစ်လိုက်သည်။

ဧည့်ဆောင်တွင် အိပ်ခိုင်းသည်ကိုမအိပ်ဘဲ ရှောင်းကျန့်ကုတင်ပေါ်ထိ မောင်ပိုင်စီးကာ နောက်ဆုံး ရှောင်းကျန့်ပဲလက်လျှော့ရင်း အတူအိပ်ဖို့လုပ်ရသည်။

ကုတင်ပေါ်တွင် မျက်နှာချင်းဆိုင်လှဲလျက် ရှောင်းကျန့်ကို ပျောက်သွားမှာစိုးသည့်အလား ရိပေါ်တစိမ့်စိမ့်ကြည့်နေသည်မှာ ရှောင်းကျန့်အား အနေခက်စေပြီး အချိန်မနည်းတော့သည်မလို့ ရိပေါ်အနားယူရန် ရှောင်းကျန့်ပြောနေရခြင်းဖြစ်သည်။

သူ့ပါးကိုဆွဲညှစ်ထားသည့် ရှောင်းကျန့်လက်ကို ရိပေါ်ဆွဲလိုက်ရင်း သူ့နှုတ်ခမ်းနဲ့ဖိနမ်းလိုက်သည်။ ဖွဖွလေးနမ်းရာမှ လက်ချောင်းများကိုပါ နှုတ်ခမ်းကြားညှပ်လို့ ကိုက်ခဲလိုက်၏။

"မင်းအသားမဟုတ်တိုင်း ကိုက်ရလား"

"ဖြစ်နိုင်ရင် တစ်ကိုယ်လုံးကိုက်ဆွဲထားချင်တာ! ပြွတ်စ်"

ရှည်သွယ်လျသည့်လက်ချောင်းလေးကို အသံမြည်သည်အထိ နမ်းလိုက်သည်မလို့ ရှောင်းကျန့်ရှက်သွားကာ လက်ကိုရုတ်လိုက်သည်။

"ဘယ်ကတည်းက ဒီလိုအတင့်ရဲသွားတာလဲမင်း"

"ရှောင်းနဲ့ပတ်သတ်လို့ ကိုယ့်ခံစားချက်တွေဖုံးကွယ်ထားဖူးလို့လား၊ ဒါကိုအတင့်ရဲတယ်လို့ ခေါင်းစဥ်ဘယ်တပ်လို့ရမလဲ၊ ရှောင်းသာ ဖုံးအုပ်ထားပြီး ကိုယ်နဲ့အဝေးကိုပြေးချင်နေတာ"

"တောင်းပန်ပါတယ်၊ ငါက .. "

"မလိုဘူး၊ အခုကိုယ့်အနားရှိရင်ရပြီ"

ရှောင်းကျန့်နှစ်ခြိုက်စွာ ပြုံးလိုက်မိ၏။ ဒီကောင်လေးအပေါ် သူ့ခံစားချက်များဖုံးကွယ်ဖို့သာ အမြဲကြိုးစားခဲ့မိသည်။

ယောက်ျားလေးအချင်းချင်း စိတ်ခံစားချက်ရှိသည်ဆိုသော ခံယူချက်ထက် လူတစ်ယောက်အပေါ် တစ်ယောက်က ဖြူစင်တည်တံ့သောမေတ္တာသက်ဝင်နေသည်ဟုသာ ခံယူလိုက်မည်။ သူ့ချစ်ခြင်းတွေကို ဤကောင်လေးထံသာ အပ်နှံလိုက်မည်။

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now