4 - 1300

309 43 1
                                    

Unicode

အပိုင်း(၄)

လွန်ခဲ့သော နှစ်ပေါင်း၁၃၀၀

"အားကျယ်!! သားသားရေ!!"

"အားကျယ်!!"

"ဟင့်ဟင့် အားကျယ်ကို အမြန်ပြန်တွေ့အောင်ရှာပေးပါ သခင်ကြီးရယ်"

တစ်ဦးတည်းသာရှိတဲ့ သားပျောက်လို့ ဝမ်သခင်မကြီး ရင်နင့်အောင် ခံစားနေရပါသည်။ ဝမ်သခင်ကြီးက သူ့ရှင်မကိုဖက်လို့ အပူလျော့လို့လျော့ငြား နှစ်သိမ့်ပေးနေသည်။

ထိုက်ပြည်နယ်စပ်ရှိ ရေတံခွန်တွင် အပျော်ကစားရန် ဝမ်သခင်ကြီးတို့မိသားစု တောထဲတွင်ရောက်နေခြင်းဖြစ်သည်။

ရေတံခွန်သို့ရောက်ပြီး ဝမ်သခင်မကြီးက ပါလာသည့်အသီးစားဖွယ်တို့ကို ဆေးကြောရန် ရေတံခွန်အနားသွားနေချိန်၊ ဝမ်သခင်ကြီးက အကောင်ပလောင်ရှင်းနေချိန် ဝမ်ကျယ်က ပျောက်သွားခြင်း။

သူတို့လင်မယားအဖို့ သားသမီးကံမပါလာနိုင်ဆိုသည့် ဆေးစစ်ချက်ကြောင့် အနှစ်နှစ် အလလ ခြောက်သွေ့သည့်အိမ်ထောင်ရေးကိုဖြတ်သန်းခဲ့ရသည်။

ထိုနေ့က ကံကောင်းထောက်မစွာ နတ်အရှင်တို့၏ ပေးသနားမှုကြောင့် ဝမ်သခင်မကြီးထံ သန္ဓေသားရှိစေခဲ့၏။ နတ်ဆရာမနှင့် ကလေးဂုဏ်အင် လက္ခဏာကိုတွက်ချက်ရာမှာ ကလေးက ကောင်းကင်မှစေလွှတ်လိုက်သည့် အထောက်အပံ့ဖြစ်ကြောင်းသိလိုက်ရချိန် ဝမ်းသာမဆုံးခဲ့။

သို့သော် ထိုအထောက်အပံ့ကား တစ်စုံတစ်ယောက်ကိုသာ သက်ရောက်မည်ဖြစ်ကြောင်း၊ ကလေးမှာ မိန်းကလေးဖြစ်လျှင် ကိုယ်အင်္ဂါချို့တဲ့မည်ဖြစ်ပြီး ယောက်ျားလေးဖြစ်က ချူချာကာ စကားမအံနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ချို့ယွင်းချက်များ ပျောက်ဖို့အတွက် သူ၏အထောက်အပံ့ပိုင်ရှင်ဆီမှ သွေးရည်စက်လိုကြောင်း တွက်ချက်ခဲ့သည်။

ဝမ်ကျယ်ကို မွေးဖွားလာသည့်အချိန်တွင် ကလေးက အသံမထွက်၊ ငိုခြင်းမရှိခဲ့။ အသက်၄နှစ်တာကာလလုံး ဖျားနာတစ်လှည့်၊ ထိခိုက်တစ်လှည့် ကလေးအသက်ရှင်ရတာ အခက်အခဲများစွာ။

匚卂几'ㄒ 尺乇丂|丂ㄒ ㄒ卄乇 千卂ㄒ乇Where stories live. Discover now