part(2)

1.5K 151 1
                                    

[Unicode]

ရိပေါ်တစ်ညလုံးမအိပ်ပဲလဲစဉ်းစားတယ်၊ တစ်နေ့လုံးလဲ ဘာမှမလုပ်ပဲ အိမ်ထဲမှာပဲနေပြီးလဲ စဉ်းစားတယ်။ အချိန်တစ်ခုထိစဉ်းစားပြီးတဲ့ချိန်မှာတော့ သူသတိထားမိလိုက်တာ ပိုင်ရှင်ရှိလဲ သူချစ်တယ် သူ့အချစ်ကို ဖွင့်မပြောရရင်တောင် အနားမှာနေမယ်ဆိုတဲ့စိတ်က အနိုင်ရသွားတော့ နောက်နေ့ကစပြီး သူဆိုင်ရှင်လေးနားမှာနေတော့မယ်၊ သူ့ကိုသတိထားမိအောင် လုပ်မယ်ဆိုတဲ့စိတ်လေး ဝင်သွားခဲ့တယ်။

သူလဲသူကိုယ်တိုင်ဘာလို့စွဲလမ်းသွားလဲမသိပါ။ ဂရုစိုက်မှုလေးတစ်ခုရတာန‌ဲ့ လူအများကိုပေးနေတဲ့ အပြုံးလှလှလေးကိုရလိုက်ရုံနဲ့ သူဟာ ထိုလူသားလေးကို ချစ်မိသွားတယ်။ ဒါဟာ သူ့တစ်ဘဝလုံး ရခဲ့ဖူးသမျှထဲမှာ အလှပဆုံးဖြစ်နေတာကြောင့် ဖြစ်ပါလိမ့်မယ်။ ထိုလူသားကို သူတစ်ယောက်ထဲရဲ့ အပိုင်ဖြစ်စေချင်ပေမယ့် အစထဲက သူများလူကိုချစ်မိထားတာမို့ သူအကြီးကြီးမမျှော်လင့်ချင်ပါ။ ထိုလူသားလေးရဲ့ အပြုံးတွေကို သူ့တစ်ယောက်ထဲအတွက်ပဲ ဖြစ်စေချင်ပေမယ့် သူ့မှာတားစီးဖို့ အခွင့်အရေးမရှိပါ။ သူထိုအချိန်တွင်တွေးမိတာက ဒီလူသားကို ဟိုလူထက်အရင်တွေ့ခဲ့ရမှာ ဟူ၍ပင်။ ဒါမယ့် သူ့မှာပြင်ဆင်ဖို့ ဘာအခွင့်အရေးမှရှိမနေဘူး။ သူလုပ်ရမှာ ထိုလူသားလေး သူ့ကို သတိထားမိသွားအောင်ပဲ ဖြစ်တယ်။

နောက်နေ့မှာ ရိပေါ် L'amour coffeeဆိုင်လေးကိုရောက်လာတယ်။ ထုံးစတိုင်း သူ့မှဲ့‌ေလးက နှုတ်ဆက်တယ်။ ရိပေါ် ခေါင်းညိမ့်ပြပြီး သူကြိုက်တဲ့ ristrettoကိုပဲမှာလိုက်တော့ သူ့မှဲ့လေးက

"Cakeမစားဘူးလားဗျ"

"တော်ပါပြီ ကျေးဇူး"

ရှောင်းကျန့်ဟာရယ်ပြလိုက်ပြီး ရိပေါ်ထွက်သွားတာကိုကြည့်နေသည်။ သူ့မျက်နှာကသက်သာသွားပြီပဲ။ ဖျော်ပေးပြီးသွားပို့လိုက်တယ်။

ရှောင်းကျန့်ဟာ အသက်ရှစ်နှစ်ထဲက မိဘတွေဆုံးပါးသွားတာကြောင့် သူ့မိဘတွေရဲ့ မိတ်ဆွေမိသားစုက မွေးစားခဲ့တယ်။ သူ့ကိုမွေးစားတဲ့မိသားစုမှာ သားလေးတစ်ယောက်ရှိတယ်။ သူတို့သားအသက်က ရှောင်းကျန့်ထက် သုံးနှစ်ကြီးသည်။ သူက ကျိုးဝူမာန်ပဲ။ ဝူမာန်ဟာ ရှောင်းကျန့်ကို အလိုလိုက်ပြီး အရမ်းဂရုစိုက်တဲ့လူတစ်ယောက်။ ရှောင်းကျန့်အသက်၉နှစ် ဝူမာန် ၁၂နှစ်မှာ သူတို့ ပြင်သစ်ကိုကျောင်းတက်ဖို့ရောက်လာကြတယ်။ ဝူမာန်ဟာ အကိုကြီးတစ်ယောက်လို ရှောင်းကျန့်ကိုစောင့်ရှောက်ပြီးထိန်းသိမ်းပေးတယ်။ ဝူမာန့်အသက်၁၈နှစ်မှာ ဝူမာန်ရဲ့တောင်းဆိုမှုကြောင့် ရှောင်းကျန့်နဲ့သူ စေ့စပ်ခဲ့တယ်။ ငယ်ငယ်ထဲကရင်းနှီးကြတဲ့အပြင် သူ့ရဲ့မိဘတွေကလဲ ရှောင်းကျန့်ကိုစောင့်ရှောက်ထားတာကြောင့် သူမငြင်းလို။ ကျေးဇူးကန်းတဲ့သူမဖြစ်ချင်၊ သူ့အပေါ်ကောင်းရဲ့သားနဲ့ငြင်းပစ်ရအောင်လဲ သူမလုပ်နိုင်တာကြောင့် သူစေ့စပ်ခဲ့တယ်။ တစ်ချိန်ချိန် ရှောင်းကျန့်လက်ထပ်ရမယ့်သူက ကျိုးဝူမာန်ဆိုတဲ့လူသားသာဖြစ်လာခဲ့တယ်။

DandelionWhere stories live. Discover now