part(7)

1K 122 1
                                    

[Unicode]

"ဟယ်‌လို ရှောင်းကျန့်!"

📲ဟင် အင်း📲

မနက်ခြောက်နာရီကြီး ‌ရိပေါ်က ရှောင်းကျန့်ကို ဖုန်းဆက်နှိုးသည်။ ဒါကပုံမှန်တိုင်းပဲ ရိပေါ်အဲလိုနှိုးပေးနေတာ နှစ်ပတ်လောက်ရှိနေပြီ။
အိပ်ချင်မူးတူးနဲ့ဖြေတဲ့အသံကြောင့် ရိပေါ်ပြုံးလိုက်မိသည်။

"ထတော့လေ နောက်၁၅မိနစ်နေရင် ကျနော်အိမ်ရှေ့ရောက်မယ်"

ရိပေါ်ဟာ အနူးညံ့ဆုံးလေးပြောနေတာ၊ ရိပေါ်က ရှောင်းကျန့်ကို သူများနဲ့ဆက်ဆံပုံချင်းမတူပဲ ရှောင်းကျန့်အတွက် သီးသန့်နူးညံ့နေတာမျိုး၊ နူးညံ့မှာပေါ့ ချစ်တာကို!

📲ထမယ်ရိပေါ် ငါပျင်းလိုက်တာကွာ📲

"ပျင်းမနေနဲ့ ထနော် မနက်စာဘာစားမလဲ ဝယ်ခဲ့မယ်လေ"

📲မဝယ်နဲ့တော့ ဆိုင်မှာပဲ ကော်ဖီသောက်တော့မယ်📲

"အာ့ဆိုလဲ မြန်မြန်အိပ်ရာကထပြီး မျက်နှာသစ်တော့ လိမ္မာတယ်"

📲အင်းပါ အင်းပါ📲

ရှောင်းကျန့်ရေချိုးပြီး ရိပေါ်ကိုထိုင်စောင့်နေလိုက်တယ်။ ခနနေတော့ ဖုန်းဝင်လာတယ်။

📲ရှောင်းကျန့် ကျနော်တိုက်အောက်ရောက်နေပြီ📲

ရှောင်းကျန့်အောက်ကိုဆင်းလာတော့ ရိပေါ်က ဖုန်းသုံးပြီးစောင့်နေတယ်။

"ရိပေါ်!"

ရိပေါ်က ဆိုင်ကယ်ပေါ်တင်ထားတဲ့ပန်းစည်းလေးကိုပေးတော့

"တခါထဲဝယ်လာလိုက်တာလား ဒီတစ်ခါနေကြာပန်းပဲ"

"အင်း ဒီပန်းတော့သိသွားပြီပေါ့ ပန်းဆိုင်ရှေ့ဖျက်လာတာနဲ့ နောက်တစ်ခေါက်မသွားချင်တော့လို့ တခါထဲဝယ်လာတာ"

ပုံမှန်တိုင်းရိပေါ်က ရှောင်းကျန့်ကို ဆိုင်ကယ်ဦးထုပ်ဆောင်းပေးတယ်။

ဆိုင်ရောက်တော့လဲ ရိပေါ်က ဝိုင်းကူပေးတယ်။ အမြဲအနားမှာရှိနေတာကြောင့် ရှောင်းကျန့်ရိပေါ်ကိုမေးဖူးတာ အလုပ်မလုပ်ဘူးလားဆိုတော့ မလုပ်လဲ သူ့အကောင့်ထဲကို ပိုက်ဆံတွေဝင်လာလိမ့်မယ်၊ အလကားပင်ပန်းခံပြီး မလုပ်ဘူးတဲ့လေ။ အဲလိုကောင်လေးက ရှောင်းကျန့်ရဲ့ဆိုင်ကိုတော့ အကုန်ဝိုင်းကူပါတယ်တဲ့။

DandelionWhere stories live. Discover now