part(5)

1K 134 2
                                    

[Unicode]

"ပြောပါဦး ငါ့လူကို သဘောကျနေတယ်ဆိုတာ ဘယ်ကောင်လဲ!"

ဟိုဘက်အုပ်စုက သဘောကျတယ်လို့ပြောခဲ့တဲ့ ခေါင်းဆောင်လို့ထင်ရတဲ့ကောင်က ထွက်လာပြီးခနဲ့သလိုပြုံးပြတော့ ရိပေါ်ခေါင်းငုံပြီးတစ်ချက်ရယ်ကာ

"အဟက် ဘယ်သူများလဲလို့ မင်းပဲလား
မမှတ်သေးဘူးထင်တယ်"

"ဟေး ဝမ်ရိပေါ် မတွေ့တာကြာတော့ မင်းပုံစံနည်းနည်းတောင်ပြောင်းသွားတယ်နော် နူးညံ့သွားတာလား ဟိုတလောကမှငါသိလိုက်တာ l'amourဆိုတဲ့ကော်ဖီဆိုင်က ဆိုင်ရှင်လေးက လှလိုက်တာကွာ ငါ့အကြိုက်ပဲ ငါတစ်ညလောက်သူနဲ့အိပ်ချင်လို့ အဆင်ပြေလား"

ပြုံးရယ်ပြီးပြောလာတဲ့ ဟိုခွေးသားကို ထိုးချင်နေပြီ၊ ရှောင်းကျန့်မှာထားတာကြောင့် အတတ်နိုင်ဆုံးရန်မဖြစ်ဖို့လုပ်ပေမယ့် မရတော့ဘူး၊ ရိပေါ်စိတ်လွတ်သွားပြီ၊ ဒေါသတွေထွက်လာတာကြောင့် မျက်နှာဆိုနီရဲနေပြီ၊ အသား‌ေတွတောင်တစ်ဆက်ဆက်တုန်နေတယ်။

"မင်းက ဘာစောက်ဆင့်နဲ့ သူ့ကိုအဲလိုစကားမျိုးပြောရဲတာလဲ!!"

ရိပေါ်အသံက ဟိန်းထွက်သွားကာ လက်ထဲက‌ကိုင်ထားတဲ့ helmetနဲ့ ကောက်ပေါက်လိုက်သည်။ ပေါက်ခံလိုက်ရတဲ့ကောင်က ခေါင်းကွဲကာသွေးတွေစီးကျနေပြီး သူ့ခေါင်းကိုလက်နဲ့ဖိထားတယ်၊ လက်နဲ့ဖိထားတဲ့ကြားကနေ သွေးတွေကလက်ပေါ်ပါ စီး‌ကျနေသည်။ ဟိုဘက်ကလူတွေကလဲ လန့်ပြီး အငိုက်မိကာကြောင်ကြည့်နေသည်။ သတိပြန်ဝင်လာတဲ့ချိန်မှာ ရိပေါ်တို့ကို ပြန်လုပ်ဖို့ ရှေ့တိုးလာကြတယ်။

ရိပေါ်ကတော့ ဒေါသတွေထွက်ပြီး ခေါင်းကွဲနေတဲ့ကောင်ကိုကြည့်နေကာ အနောက်ကငါးယောက်ကလဲ ပြုံးပြုံးကြီးတွေနဲ့ လက်ချိုးသူကချိုး အကြောလျော့သူကလျော့နဲ့ ဖြစ်နေသည်။

"ငါဒီလိုရန်မဖြစ်ရတာတောင်ကြာပြီ"

"သုံးပတ်ကျော်ပဲရှိသေးတာပါကွာ"

မက်စ်ကပြောတော့ ရွှမ်ယူက ပြန်ပြောသည်။ ကျန်တဲ့သူတွေကတော့ ရယ်နေသည်။ မက်စ်က ပြဿနာတွေကိုတော်တော်သဘောကျတယ်ပြောရမယ် ရန်ဖြစ်နေရရင် ရယ်နေတော့တာပဲ၊ သူတို့လဲမထူးပါဘူး ဒါမယ့် မက်စ်ကပိုဆိုးတာ။ သူတို့ကစိတ်တူကိုယ်တူ ဘဝတူတွေမို့လဲ ပေါင်းလို့သင်းလို့ရနေတာပေါ့၊ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ friendshipလေး။ ဒီလိုပဲ သူဌေးသားလေးအုပ်စုက သူငယ်ချင်း‌အပေါ်အရမ်းကောင်းပေမယ့် သူတို့နဲ့လာငြိတဲ့သူတွေအတွက်တော့ နတ်ဆိုးလေးတွေပင်။

DandelionWhere stories live. Discover now