part(9)

1K 130 3
                                    

[Unicode]

နောက်နေ့ခင်းပိုင်း‌ေလာက်ရောက်တော့ ရိပေါ်က ရှောင်းကျန့်ကို တိုက်ရှေ့မှာသွားစောင့်နေတယ်။ ရှောင်းကျန့် ဆင်းလာတော့ ရိပေါ်သေချာကြည့်နေမိသည်။ သူချစ်မိသွားတဲ့သူက ပေါ့သေးသေးမဟုတ်၊ ချောလွန်းတယ်၊ မျက်နှာလေးမြင်လိုက်ရင် ရင်ထဲအေးနေရော၊ အပြုံးလေးတွေကချိုသာပြီးလှတယ်၊ ပြီးတော့ချစ်ဖို့ကောင်းတယ်။

ရှောင်းကျန့်ဝတ်လာတာ တီရှပ်အဖြူလေးကိုမှ အပေါ်က အပြာရောင်ရှပ်လက်ရှည်လေးကို ထပ်ဝတ်ထားတယ်၊ ဘောင်းဘီကိုလဲပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဘောင်းဘီဒူးဖုံးလောက်လေးကိုဝတ်ထားတယ်၊ မျက်မှန်အဝိုင်းလေးတောင်တပ်ထားသေးတယ်။ အင်း လူငယ်ဆန်ဆန်လေးနဲ့ချစ်ဖို့ကောင်းနေတာမျိုး။ ရိပေါ်‌ကတော့ ဘောင်းဘီအနက်အရှည်နဲ့ hoodieအမဲဝတ်ထားတာ။ all blackနဲ့‌ခန့်ညားနေတာပေါ့။

"လာ!"

ရိပေါ်အနားရောက်ခါနီးနေတဲ့ ရှောင်းကျန့်လက်ကိုဆွဲပြီး ဆိုင်ကယ်ဦးထုပ်ဝတ်ပေးလိုက်တယ်။ ရိပေါ်ရဲ့ခါးကုိရှောင်းကျန့်က တင်းနေအောင်ဖက်ထားတယ်။ သေချာကြည့်ရင် ရိပေါ်ရဲ့ကျောကိုကောရှောင်းကျန့်ကမှီထားပါသေးတယ်။

ရှောင်းကျန့်တွေးတာ ဒီတစ်နေ့ပဲ ဒီတစ်နေ့ ရိပေါ်အနားလေးမှာနေမယ်၊ ရိပေါ်ကိုဂရုစိုက်ပေးပြီး သူ့အတွက်ဆက်သွားရမယ့်ဘဝမှာ ပျော်စရာလေးယူသွားချင်တယ်။ ဒီနေ့လေးပြီးရင်တော့....

ရိပေါ်ကိုဖက်ပြီး မှီထားတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်မှာရင်လဲခုန် ပျော်‌လဲပျော်နေတယ်၊ ဒီနေ့အတွက်အား‌ေတွပြည့်သွားသလိုပဲ။ ဆိုင်ကယ်ရပ်သွားတော့ ဘေးပတ်ပတ်လည်မှာ သစ်ပင်တွေချည်းပဲ။ လူနေအိမ်တောင်မရှိ၊ တောင်ကုန်းလေးတစ်ခုတော့ရှိနေတယ်၊ ကြည့်ရတာ တောင်ကုန်းပေါ်တက်ရမယ်ထင်တယ်။

"ရိပေါ် ဒါဘယ်နေရာလဲ"

မနေနိုင်တော့ ဆိုင်ကယ်ဦးထုပ်‌ချွတ်‌ေပးနေတဲ့ရိပေါ်ကိုမေးလိုက်တယ်။ မျက်လုံးလေးပေကလပ်ပေကလပ်လုပ်ပြီးကြည့်‌နေတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်အသဲယားလာတာကြောင့် ဆံပင်တွေကိုဖွလိုက်တော့ ဆူပုပ်ပုပ်နဲ့ပြန်ကြည့်လာတယ်။

DandelionWhere stories live. Discover now