part(10)

1.1K 124 9
                                    

[Unicode]

'ကိုကို'ဆိုတဲ့နာမ်စားကြောင့် ရှောင်းကျန့်အံ့ဩသွားသည်။ ရှောင်းကျန့်မျက်လုံးလေးပြူးသွားတာကို ရိပေါ်ကကြည့်ပြီးရယ်တယ်။

"လန့်သွားတာလား ကျနော်အရင်ထဲကပြောချင်တာ ပြောချင်နေခဲ့တာ ကိုကိုဆိုတာ ကျနော်အရင်ထဲကခေါ်ချင်တာ ‌ကိုကို ကျနော့်ကို ပြန်ချစ်မယ်မလား"

ရိပေါ်ရဲ့စကားတွေကြောင့် ရှောင်းကျန့်ရဲ့နှလုံးသားကိုဆွဲထုတ်နေသလိုပဲ။ ရိပေါ်က မျှော်လင့်ချက်တွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်တော့ ရှောင်းကျန့်မှာပိုလို့နာကျင်နေရတယ်။ ရှောင်းကျန့်အနောက်ကိုတစ်လှမ်းဆုတ်လိုက်တော့ ရိပေါ်က အနည်းငယ်ကြောင်သွားပြီး ခနပဲ ရှောင်းကျန့်လက်ကိုလှမ်းဆွဲတော့ လက်ကိုရုန်းလိုက်တယ်။ ရိပေါ်မျက်နှာတည်သွားကာ

"ရှောင်းကျန့် ခဗျားဘာဖြစ်တာလဲ"

"ရိပေါ် ငါတို့စကားပြောမှဖြစ်တော့မယ်"

"အင်းပြောရမှာပေါ့ ခဗျားလဲ‌ကျနော့်ကိုချစ်နေတယ်မလား"

"မဟုတ်ဘူး! မင်းအထင်မှားနေပုံပဲ
ငါမင်းကိုမချစ်ဘူးရိပေါ်"

"ခဗျားညာနေတာ!
ကျနော့်ကိုမချစ်ပဲ ဘာလို့ဂရုစိုက်လဲ ကျနော်တစ်ခါမှမရဖူးတဲ့မေတ္တာတွေဘာလို့ပေးလဲ!!"

ရိပေါ်စိတ်တိုတိုနဲ့အော်လိုက်တယ်။ ရှောင်းကျန့်လန့်နေပြီ၊ ဒါမယ့် သူပြောသင့်တာပြောရမှာပဲ ရိပေါ်ကိုဒီထက်ပိုနာကျင်စေလို့မဖြစ်ဘူး။

"ငါ..ငါမင်းကိုသနားလို့လုပ်‌ပေးခဲ့ရုံပဲ"

ရှောင်းကျန့်ကရိပေါ်ကိုမကြည့်ပဲ မျက်နှာလွှဲပြီးပြောလိုက်တာကြောင့် ရိပေါ်စိတ်တိုသွားသည်။ သူသိတယ်၊ ရှောင်းကျန့်ကအခုသူ့ကိုထားသွားဖို့လုပ်နေပြီ၊ ချစ်နေရဲ့သားနဲ့လေ။ ရိပေါ်ကိုရှောင်းကျန့်လက်မောင်းကိုဆွဲရမ်းပြီး

"ရှောင်းကျန့် ခဗျားအဲစကားကိုကျနော့်မျက်နှာကို‌ေသချာကြည့်ပြီးပြောစမ်း!!"

"ရိပေါ် စိတ်ထိန်းစမ်း!
ငါ့မှာလက်ထပ်ရမယ့်သူရှိနေပြီးသားဆိုတာ မင်းသိရဲ့သားနဲ့
ဘာလို့အဆင့်တွေတက်ချင်နေရတာလဲ"

DandelionWhere stories live. Discover now