part(6)

1K 129 0
                                    

[Unicode]

"ထိုင်နေ!"

ရှောင်းကျန့်အသံကအနည်းငယ်မာနေတာမို့ ရိပေါ်လဲ ဘာမှပြောမနေတော့ပဲ ထိုင်စောင့်နေလိုက်တယ်။ ခနကြာတော့ ရေနွေးဇလုံလေး မ လာကာ ဆေးတွေလဲယူလာတယ်။

ရိပေါ် မျက်နှာနဲ့လက်တွေကို သေချာကြည့်ကာ ရှောင်းကျန့်က မျက်ရည်တေ‌ွဝဲနေသလိုပဲ။

"ရှောင်းကျန့် ကျနော်.."

"မင်းဘာလို့ စကားနားမထောင်တာလဲ!
မျက်နှာကိုကြည့်ဦး ဘယ်လိုတောင်ဖြစ်နေပြီလဲဆိုတာ"

ရှောင်းကျန့်က မျက်ရည်တွေစီးကျလာတာကြောင့် ရိပေါ် ပြာပြာသလဲချော့ရသည်။

"ရှောင်းကျန့် ရှောင်းကျန့် ကျနော်က ဒဏ်ရာရတာလေ ခဗျားကဘာလို့ငိုနေတာလဲ"

ရိပေါ် ရှောင်းကျန့်ပါးပေါ်က မျက်ရည်တွေကိုသုတ်ပေးကာပြောလိုက်တယ်။ သူလဲ မျက်နှာပျက်နေပြီ နာလို့မဟုတ်၊ သူ့ကြောင့် ရှောင်းကျန့်ကမျက်ရည်ကျရတော့ ကိုယ့်ကိုကိုယ်စိတ်တိုနေတာ။ ဒါမယ့် ဒါဘယ်လိုအခြေအနေကြီးလဲ၊ သူဒဏ်ရာရလို့ ရှောင်းကျန့်ကငိုနေတာလား?

"မသိဘူး မင်းမျက်နှာအဲလိုဖြစ်တော့ စိတ်ထဲမကောင်းတာ ငါမင်းကိုဒီလောက်ပြောနေရင်းနဲ့ နာနေလား ဟင့်အင့် လက်တွေရော"

ရှောင်းကျန့်ကပြောရင်းရှိုက်သံတွေပါ ပါလာတာကြောင့်

"မနာဘူး ကျနော်မနာဘူး လုံးဝမနာလို့ မငိုနဲ့ဗျာ"

ရိပေါ်က ရှောင်းကျန့်မျက်ရည်တွေကို သုတ်ပေးရင်းပြောနေတာကြောင့် ရှောင်းကျန့်က လက်နဲ့မျက်ရည်တွေကိုဖိသုတ်လိုက်ကာ

"အင်း မင်းက ငါ့ညီလေးလိုပဲဆိုတော့ စိတ်ပူသွားတာ နောက်ရန်မဖြစ်ပါနဲ့ရိပေါ်ရယ် နော်"

"ညီလေးလိုလား....
အင်းပါ နောက်မဖြစ်စေရဘူး"

ရိပေါ်က ခေါင်းငိုက်ကျသွားကာ ပြောသည်။

"ရိပေါ် မော့ ဆေးလိမ်းရမယ် မလိမ်းခင်ဒဏ်ရာကို ရေနွေးနွေးလေးနဲ့အရင်ဆေးရအောင်"

ဆေးထည့်ပေးနေရင်းလဲ ရိပေါ်နာလို့တွန့်တွန့်သွားတိုင်း ရှောင်းကျန့်က မျက်ရည်တွေဝဲလာတာကြောင့် ရိပေါ်မှာနာနေတာကို ထုတ်မပြရဲ၊ ထပ်ငိုသွားရင်ဒုက္ခ၊ ‌သူ့မျက်ရည်တွေကိုမြင်ရ‌တာ ရင်ဘတ်ကိုမြှားအဆင်းတစ်ရာစိုက်၊ ဓားနဲ့အခါတစ်ရာလောက်ထိုးနေသလိုပဲ နာကျင်ရတယ်။

DandelionWhere stories live. Discover now