part(3)

1.2K 171 0
                                    

[Unicode]

ရိပေါ်နဲ့ရှောင်းကျန့်ခင်လာပြီး တစ်ပတ်အကြာမှာ ရိပေါ်ကရှောင်းကျန့်ကို ပန်းတစ်မျိုးဆီစပေးတော့သည်။ သူအရင်ဆုံးပေးတဲ့ပန်းက tulipအနီပဲ။ ရိပေါ်ကပေးပေမယ့် ပန်းရဲ့အဓိပ္ပာယ်ကိုသေချာမသိတဲ့ ရှောင်းကျန့်က ကောင်တာမှာပန်းအိုးထိုးမယ်ဆိုပြီး ယူသွားလေတယ်။ ရိပေါ်မှာဘာမှလဲမပြော‌လိုတော့ပါ မသိတာပဲကောင်းပါတယ်လို့ တွေးနေလိုက်သည်။

"ရိပေါ်လာပြီလား ဒီနေ့လဲtulipပဲလား"

"ရော့"

ရိပေါ်ပေးတဲ့ပန်းကို ရှောင်းကျန့်မသိပါ၊ သူကပန်းအကြောင်းစိတ်မဝင်စားတာကြောင့် ဘာမှမသိ။ ပုံမှန်မြင်ဖူးနေကြပန်းမဟုတ်ရင် သူနာမည်တောင်မသိပါ။ ကျောင်းတက်တုန်းက သူ့လိုက်တဲ့ကောင်မလေးတွေ ကောင်လေးတွေပေးရင် ဘာပန်းမှန်းမသိပဲအင်တင်တင် အားနာနာနဲ့ယူထားရတာ၊ သူတို့ကတော့အဓိပ္ပာယ်အပြည့်အလေးအနက်ကြီးတွေပေးပေမယ့်၊ ပန်းဆိုသူကြိုက်တဲ့ dandelionနဲ့ အခြားအနီးနားကမြင်ဖူးနေကြပန်းတွေလောက်သာသိတာလေ။

"ရိပေါ် ဘာပန်းလဲ"

"ရှောင်းကျန့် ခဗျားကတော့လေ ဒီပန်းနာမည်လောက်တော့သိသင့်တယ်မလား"

ဘယ်လိုပဲမသိစေချင်ဘူးပြောပြော နည်းနည်းပါးပါး‌ေတာ့သိစေချင်တယ်။ ဘယ်လိုပြောပြရမလဲ ချစ်တာကိုမသိစေချင်ပေမယ့် သိစေချင်တာမျိုး။

"ရိပေါ် ငါမင်းထက်အသက်ကြီးတယ်နော် အဲလိုကြီးမခေါ်ပါနဲ့ဆို"

"အဲတော့ ကျနော်က ကိုကိုလို့ခေါ်ရမှာလား"

ရုပ်တည်ကြီးပြောလိုက်တော့ ရှောင်းကျန့်ပါးလေးတွေရဲလာပြီး

"မနောက်နဲ့ နာမည်ပြောပြတော့!"
လက်ထဲက အစည်းလိုက်ပန်းတွေကိုကြည့်တာ မျက်နှာနီပြီးပြောနေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်ပြုံးလိုက်ပြီး

"Baby's breath"

"Baby's breath"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
DandelionWhere stories live. Discover now