episode _1_❤️

3.6K 213 9
                                    

#Unicode❤️



သံသရာစက်ဝန်းကြီးက လူသားတိုင်းကို မျှမျှတတ နဲ့ ဘက်လိုက်မှုအလျဉ်းမရှိ စေလိုရာစေ၍ ဘ၀ကြီးကိုMissionတွေပေးပေးပြီး ဘ၀သင်ခန်းစာတွေသင်
ယူတက်မြောက်စေပြီး  တစ်ဘ၀ပြီးတစ်ဘ၀ အဆုံးသတ်စေတယ်။
ကျား၊မ မရွေးလူတွေကို အကုန်သူ့ရဲ့ ဇာတ်ခုံပေါ်က ကစားစရာလေးသာသာရယ်ပါ။

အဲ့ဒီသံသရာစက်ဝန်းကြီးက ရှောင်းကျန့်ဆိုတဲ့ ကျွန်တော်ကိုကျတော့ တစ်သတ်လုံး လူပျိုကြီးဘ၀နဲ့ အရိုးထုတ်စေချင်နေတာလားးး!!!!
အသက်၃၀ကျော်နေတဲ့ ကျွန်တော့်အတွက် အနည်းဆုံး မိန်းမ တစ်ယောက်တော့ ရသင့်နေပြီမလားးးးးး ?

နေစမ်းပါဦး! ဟိုနတ်အစုတ်ပလုတ်
ခင်များကိုသိပါတယ်ဗျာ အတောင်ပံနှစ်ဖက်နဲ့ အားအားယားယားကလေးကစားစရာ အချောင်းရှည်ရှည်နဲ့ ကြိုးပါတဲ့ဟာကိုင်ထားတဲ့ ကလေးမသာနတ်ဘုရားကောင် အာ_____သိပြီ!
ဖူးစာဖက်နတ်ဘုရား!!!
ဒင်းလဲ ဘယ်လင်နဲ့ Roနေလဲမသိဘူး ဒီလောက် မနက်၊ နေ့လည်၊ ည ပါမကျန် ဆုတောင်းနေတာကို ဒင်း က စောက်ဖက်မလုပ်ဘူးလေ ချီးထဲမှ!

" Fuck Fuck!!!!  ဒီ ခွေးချီးပုံ ဘယ်ခွေးမသာပါသွားတာလဲ အားးးးး ရွံလိုက်တာ"

လူပျိုကြီး ရှောင်းကျန့်တစ်ယောက် ညာဘက်မှ ဖုန်းတစ်ဖက် ဘယ်ဘက်က အထုတ်ကြီးငယ်မျိုးစုံ ဆွဲလို့ market မှ ပြန်လာခြင်း
ပိုက်ဆံလဲ အပိုမကုန် ကျန်းမာရေးလဲကောင်း ဆိုကာ လမ်းလျောက်လာခြင်း
လမ်းဘေးမှ အညတရခွေးလေးခင်မျာ အမြီးလေး ကုပ်လို့ အသံပင်မထွက်ရဲ
မဟုတ်ရင် လူပျိုကြီးရှောင်းကျန့် ရဲ့ မိုးမွှန်အောင် ဆဲဆိုမှုတွေ ကို နားမခံအောင် ကြားရပေဦးမယ်။

ရှုံ့မဲ့ကာဖြင့် တစ်ကိုယ်တည်းသာနေသော နှစ်ထပ်အိမ်ပုစိလေးဆီရောက်အောင် လာခဲ့ပြီး အိမ်ရှေ့မှာတင် ဖိနပ် လွှင့်ပစ်ခဲ့ပြီး ခြေဗလာဖြင့်သာ အိမ်ထဲဝင်လာခဲ့သည်။

အိမ်ဝင်ပေါက်မှ ဖိနပ်များစွာတွေ့သဖြင့် သူ၏ ဇင်ယော်တောင်မျက်ခုံးများက တွန့်သွားရသည်။

~ဘယ်သူတွေ ရောက်နေလို့ ဘယ်လိုတွေ နိမ်ဦးမလဲမသိဘူး~

" သားကျန့်" "မောင်လေး" "လေးလေးကျန့်"

The Old Bunny&His Little Rib(for my fav:author Sanay Moe Swe)[Completed]Where stories live. Discover now