Final♥️💚

1.9K 164 28
                                    

#Unicode♥️💚





ယုန်အဖိုးကြီးနဲ့သူ့ရဲ့အရိုးလေးဝမ်ရိပေါ်တို့ဟာ နောက်ဆုံးမှာ သက်ထက်ဆုံးတိုင်ချစ်ချစ်ခင်ခင်ပေါင်းဖက်သွားကြလေတော့သည်။

By~~

Amaryllis_K

Note: ဘယ်လိုလဲ ဘယ်လိုလဲ ကျေနပ်တယ်ဟုတ် ပြောစရာမလိုတဲ့Endingဖြစ်ရဲ့လား
.
.
.
.
.
.
.

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
နောက်တာ ဟီးဟီး အောက်မှာပါတယ်လို့😆😆

The old Bunny&His Little Rib
⇛⇛⇛⇛⇛⇛⇚⇚⇚⇚⇚⇚

ဒီနေ့ ရှောင်းလူပျိုကြီးမှ လူပျိုကြီးဘ၀ကျွတ်တဲ့နေ့ တနည်းအားဖြင့် ထောင်ကျမဲ့နေ့ပေါ့ အိမ်ထောင်နော် အိမ်ထောင်(≧▽≦)

ရှောင်းပါးပါးဟာ ခမ်းမအတွင်းသို့ လက်တွဲကာလျောက်ဝင်လာတဲ့သားဖြစ်သူနဲ့သားမက်ကလေးအားကြည့်ရင်းမျက်ရည်များအနည်းငယ်ဝေ့တက်လာတယ်။သူတို့ရဲ့သားငယ်လေးတောင် အရွယ်ရောက်လာလို့ အိမ်ထောင်ရပ်သားကျရှာပြီ။ ပြုံးပျော်နေတဲ့သားငယ်ကိုကြည့်ရင်းပီတိပြုံးဖြင့်အပျော်မျက်ရည်များကျဆင်းနေလေရဲ့။ ရှောင်းမားဟာလဲထိုနည်းတူစွာ မျက်ရည်များစို့ဝဲနေတယ်။ သူရဲ့သားငယ်လေး မင်္ဂလာဆောင်ပြီမို့ ပျော်လွန်းသည်ကတစ်ကြောင်း၊ချစ်စရာကောင်းပြီး သူ့တို့ရဲ့သားငယ်အား အပြည့်အ၀ချစ်ပေနိုင်မည့်အိမ်ထောက်ဖက်ကိုပိုင်ဆိုင်သွားသည်မို့ ၀မ်းသာပီတိဖြစ်၍အပျော်မျက်ရည်များစီးဆင်းလာခြင်းသာ...။

ခန်းမအတွင်းသို့ဝင်ရောက်လာတဲ့အမျိုးသားနှစ်ဦး လက်တွဲချိတ်ခံရသူဟာ ရှောင်းကျန့်ဖြစ်လေတယ်။ အဖြူ ရောင်Suitအပြည့်ဖြင့် ခန့်ညားနေတဲ့ထိုလူသား အပြုံးပန်းတွေဝေေ၀ဆာဆာဖူးပွင့်နေပြီးသူနဲ့အတူလိုက်ပါလာတဲ့ကောင်လေးကို ချစ်ရည်ရွှမ်းသောအကြည့်များဖြင့် အမြတ်တနိုးငေးကြည့်နေတယ်။
ရှောင်းကျန့်နံဘေးမှ ဘေးချင်းယှဉ်ရပ်ကာတူညီသောခြေလှမ်းများနဲ့အတူလိုက်ပါလာတဲ့အမျိုးသားငယ်လေး...
သူကလေးကလဲအဖြူ ရောင်ကလေးနဲ့ရယ် တကယ့်နတ်သားလေး အပြုံးတွေဖောဖောသီသီခြွေရင်းဖာသာရှိရာသို့ သူရဲ့အမျိုးသားနဲ့အတူ တန်းမက်စွာလျှောက်လှမ်းလာတယ်။ သူတို့နှစ်ယောက်ရဲ့ရှေ့မှာတော့ သတို့သားအရံလေးလုလုဟာ သူ့သူငယ်ချင်းဖြစ်သူအားယွင်နဲ့အတူတူတွဲလျှောက်ရင်း ပန်းကြဲပေးလေသည်။
ပွဲတက်လာသူအပေါင်းဟာ ကလေးနှစ်ယောက်ကိုလဲချစ်စနိုးဖြင့်ကြည့်ကြသလို သတို့သားနှစ်ယောက်ကိုလဲစိတ်ရင်းဖြင့်ဂုဏ်ပြုထောပနာပြုပေးကြတယ်။

The Old Bunny&His Little Rib(for my fav:author Sanay Moe Swe)[Completed]Où les histoires vivent. Découvrez maintenant