episode "9"💖

1.3K 127 10
                                    

#Unicode💖






ဧည့်ခန်းထဲမှာအံ့သြဘနန်း ပြူးကြောင်စွာကြည့်နေကြတဲ့ရှောင်းမားနဲ့ လုလုကြောင့် ရိပေါ်က အတင်းရုန်းပြီး အောက်ချပေးဖို့ ယုန်အဘိုးကြီးကို ပြောလိုက်ရတယ်။
နောက်ပြီး ဒီနေ့မှ ဧည့်ခန်းထဲမှာ ရှောင်းမားနဲ့လုလုအပြင် ရှောင်းမားရဲ့ညီမလင်မယားပါရောက်နေသည်မို့ ရိပေါ်မှာ သူစိမ်းရှေ့ အမြင်မသင့်တော်လွန်း၍ ခပ်ကြိတ်ကြိတ်ပြောလိုက်တယ်။

" ယုန်အဘိုးကြီး အောက်ချပေးတော့လေ"

"မချပေးဘူး အရိုးလေး မတ်တက်မရပ်နိုင်ဘူးမလား ကိုယ်က စာသင်နေလဲ ကိုယ့်ပေါင်ပေါ်တင်ထားမှာ အဲ့ဒါမှ တချို့တချို့တွေ ကိုယ့်အပိုင်ကို မလုရဲမှာ "

လုလုကို ခပ်စိမ်းစိမ်းကြည့်ကာပြောလိုက်သည်မို့ ရိပေါ်မှာ စိတ်ပျက်သလိုကြည့်လိုက်တယ်။ ရှောင်းမားညီမနဲ့သူ့ရဲ့အမျိုးသားဖြစ်သူတို့ကတော့ ပြူးကြောင်ကြောင်ဖြင့် ကြည့်လို့ကောင်းနေတုန်း

" မဟုတ်တာလုပ်မနေနဲ့ ခင်များပြောတော့ ခင်များမားကို လာတွေ့တာဆို ကျွန်တော်ကလဲ စာသင်ဖို့လာတာ အဲ့တော့ အေးအေးဆေးဆေးပြောစကားလေး နားထောင်လိုက်နော် ပြစ်မှုထက်တိုးချင်နေတာလား "

"ရှောင်းကျန့်!!"

ရှောင်းမားရဲ့တဲ့အော်သံကြောင့် ရှောင်းကျန့်ပင်မက ရိပေါ်လေးပါ လန့်သွားရတယ်။

" ကြည့်စမ်း ကြည့်စမ်း ရှောင်းကျန့် မင်း သူများသားပျိုလေးကို လက်မထပ်ရသေးဘဲ အဆင့်တက်ရသလားဟမ် တစ်ခါလဲမဟုတ် နှစ်ခါလဲမဟုတ် ဘယ်နှစ်ကြိမ်တောင်ရှိနေပြီလဲ  "

ရှာင်းမားကတော့ တရုတ်စကားပြောတာပါပဲ တရုတ်စကားပြောတာကိုပဲ တရုတ်ဖြစ်တဲ့ ရှောင်းကျန့်နဲ့ရိပေါ်မှာ နားမလည်နိုင်လောက်အောင်ပင်။
ရှောင်းမားရဲ့စကားအဆုံး ရှောင်းကျန့်နဲ့ရိပေါ်မှာ စွံ့အ။

လုလုနဲ့ ရှောင်းလင်မယားရဲ့အကြည့်များက ရိပေါ်လေးဆီပုံကျလာတယ်။ ဖူးယောင်နေသောနှုတ်ခမ်းလေးနဲ့ လမ်းတောင်မလျောက်လာနိုင်ဘဲေ ပွ့ချီခံထားရသည်မို့ အတွေးများဟာ မှောင်မိုက်နေကြလေတော့တယ်။

The Old Bunny&His Little Rib(for my fav:author Sanay Moe Swe)[Completed]Where stories live. Discover now