episode = 7 =💕

1.3K 159 30
                                    

#Unicode💕




ရှောင်းကျန့် စိတ်လှုပ်ရှားလွန်းလို့ မနက်၎နာရီကတည်းကနိုးနေတယ်။ ဘာလို့လဲမမေးနဲ့ အရိုးလေးက သူ့ရဲ့ဇာတိမြို့ကိုပြန်မှာမို့ သူ့ကိုလိုက်မလားတဲ့လေ အချိန်၁စက္ကန့်ပင်မစောင့်ဘဲ ခေါင်းပြုတ်မတက်ငြိမ့်ပြလိုက်တော့ အရိုးလေးက ခပ်ဖွဖွရယ်လေတယ်။
ချစ်ရသူအပြုံးပေမို့လားမသိ ကမ္ဘာကြီးတစ်ခုလုံးငြိမ်းချမ်းသွားသလိုမျိုး နွေဦးရာသီရဲ့နံနက်ခင်းကလေးဆီအလည်ရောက်သွားသလိုမျိုးနွေးထွေးလွန်းလှတယ်။

နေ့ချင်းပြန်ဟုပြောထားသောကြောင့် ရှောင်းကျန့်တစ်ယောက် ချစ်ရသူနဲ့ပထမဆုံးခရီးစဉ်လေးဖြစ်သည်မို့ ဘာဝတ်ရမလဲမသိ။ ဗီရိုထဲကအ၀တ်တွေတစ်ထည်ပြီးတစ်ထည် ကုတင်ပေါ်ရောက်ကုန်တယ် ရှောင်းကျန့်ဝတ်စရာအင်္ကျီရှာမတွေ့ပေ။

" အားး ရှောင်းကျန့် မင်းစဉ်းစားစမ်း ဘာဝတ်သွားရင်ကောင်းမလဲ အနီလေးဆိုရင်ရော မဟုတ်သေးပါဘူး အရောင်တောက်လွန်းတယ် အပြာနုလေးကရော အာ မကြိုက်ဘူး "

ကိုယ်လုံးပေါ်မှန်ကြီးရှေ့ရပ်ရင်း တစ်ထည်ပြီးတစ်ထည်ကိုယ်ပေါ်ကပ်ကြည့်လိုက် ပစ်ချလိုက်ဖြင့် ၆နာရီထိုးရန်သိပ်မလိုတော့ချေ။

" အားးး ခေါင်းရှုပ်လာပြီ မားမားကိုဖုန်းဆက်မေးရမယ် "

တူ~တူ~

" ဝေ မားမား သားကိုကယ်ပါဦး "

📲 " မားသားလေး ဘာဖြစ်ပြန်တာတုန်းကွယ် "

" မား သားရဲ့အရိုးလေးနဲ့ ခရီးတိုလေးသွားမလို့ ဘာဝတ်သွားရမလဲစဉ်းစားမရလို့ အကြံပေးပါဦး "

📲 " မားရဲ့သားကျန့်က Daddy typeလေ all black နဲ့ အပေါ်က Wheatရောင်long coat ထပ်ဝတ်လိုက် ပြီးရင် သားမက်လောင်းလေးအိမ်ရှေ့မှာ ကားကိုမှီပြီးစောင့်နေလိုက် တကယ့် ငါ့သားလေးကို သားမက်လောင်းလေးကြွေသွားစေရမယ်"

" အိုက်ရိုး မားမားအတော်ဆုံး ကြည့်စမ်း ဘယ်သူ့မားမားပါလိမ့် "

📲 " သားလေးရဲ့မားမားလေ အခုချက်ချင်းရှာဝတ်ပြီးသွားလိုက်တော့ ကိုယ်ကအချိန်စောပြီးရောက်နေပါစေ ဒါမှ အမှတ်များများရမှာ "

The Old Bunny&His Little Rib(for my fav:author Sanay Moe Swe)[Completed]Where stories live. Discover now