episode '4'💙

1.4K 150 13
                                    

#Unicode💙


သာယာလှပတဲ့နံနက်ခင်းလေးမှာ ရှောင်းကျန့်ရဲ့စိတ်ထဲမသာယာနိုင်ပါလေ။ အရိုးလေးကို အိမ်လိပ်စာနဲ့ အတိအကျပေးခဲ့တာတောင် တချက်လာမကြည့်တဲ့ အရိုးလေးက နေနိုင်လွန်းလှတယ်။
တကယ်တမ်း စဉ်းစားကြည့်ရင် တစ်ချက်လောက်တော့ လာကြည့်သင့်တယ်။ နှလုံးသားမရှိတဲ့အရိုးလေးကြောင့် သူ့ရဲ့နုနုထွဋ်ထွဋ်ဥဥမွတ်ကျွတ်လေး နာကျင်နေပြီ။

" အရိုးလေး!! မင်းသိပ်ရက်စက်တယ်ကွာ"

🎶 သိပ်ချစ်တဲ့ အရိုးလေးရဲ့အဝေးမှာ အမြဲတမ်းငါ ခံစားရ🎵

🎶မင်းကတော့သိမယ်မထင်ဘူး🎶🎶

ူသီချင်းလေး ဆိုပြီး အရိုးလေးကိုလွမ်းနေပါတယ်ဆို ဘယ်က ခွားသတောင်းစေးက လက်ကမြင်းလို့ ဆက်လဲမသိ

🎶အချစ်ဟာလိုက်ပြေးတာလားး....အို ပြေးလို့လိုက်တာလားး 🎶

" ပြော!! ဘာလဲ စောင်သည်းကွဲနေတယ် အားမနေဘူး "

📲 မင်းလိုလူပျိုကြီးက ဘယ်နားကအသည်းကကွဲနေတာလဲ မင်းဘာသာ အသည်းပဲကွဲကွဲ ဘောပဲကွဲကွဲ ရုံးကိုအချိန်မှန်လာကွ ဒီမှာတစ်ယောက်ထဲ ချာလပတ်ရမ်းနေပြီ ကြားလား ဟျောင့်"

" မလာဘူးကွာ ငါ့နှလုံးသားလေးဖျားနေတယ် ငါ အရိုးလေးကြောင့် နာကျင်နေတယ် မလာဘူး အရိုးလေးနဲ့ ချစ်သူဖြစ်မှ ရုံးပြန်တက်မယ် ဒါပဲ "

📲 " What?!! ဘယ်ကအရိုး မင်းကွာ ကလေးမဟုတ် ခွေးမဟုတ် အရိုးကိုက်ချင်နေသေးတယ် မင်းကိုက်ချင်ရင် ငါ နဲ့ ဟိုက်ခွမ်း မင်္ဂလာနှစ်ပတ်လည်ရောက်ရင် သီးသန့်ကျွေးပါ့မယ်ကွာ ဟား~ဟား "

" တိတ်စမ်း လဒကောင်ကျိုးချန် အရိုးလေး ဆိုတာ ငါ့ရဲ့ရိုက်ပါစန်လေး ငါ့ရဲ့ပျောက်ဆုံးနေတဲ့နံရိုးလေး ငါ့ရဲ့အသည်းအသက်လေး ငါရဲ့အူကြူးကြူးမူကြူးကြူးလေး ငါ့ရဲ့နှလုံးအသည်းပွတ်လေး ငါရဲ့___"

📲 " တော်! တော်!! အမလေး နစ်ခ်နိမ်းတွေကြားရတာနဲ့တင် စွသည်းတွေယားတယ် ဒါတောင် ချစ်သူတွေမဖြစ်သေးဘူး ဖြစ်သာဖြစ်သွားရင် နားတွေညီးလိုက်မဲ့ဖြစ်ခြင်း "

" တော်ပြီ အေးဆေးကွဲပါရစေကွာ ဖုန်းချလိုက်ပြီ ခွေးကောင် နောက်တစ်ခါထပ်ဆက်ရင် blockပစ်မယ် "

The Old Bunny&His Little Rib(for my fav:author Sanay Moe Swe)[Completed]Where stories live. Discover now