episode •8•💞

1.3K 135 10
                                    

#Unicode💞




လော့ယန်မှပြန်လာအပြီး ရှောင်းကျန့်ရဲ့ဘ၀ကြီးဟာ ပို၍ပြီးပြည့်စုံလာတယ်။ နေရောင်ခြည်ဖြာကျတဲ့နံနက်ခင်းလေးမှာ
Morning အရိုးလေး 💬 ဆိုတဲ့Messageလေးနဲ့အစပြုလို့ တစ်ခါတစ်ခါ အိမ်ခန်းပြတင်းပေါက်မှ 🔊 အရိုးလေး ချစ်တယ် ဟူ၍ အော်လေ့ရှိပြန်တယ်။
ရှောင်းကျန့်ကောင်းမှုကြောင့် ရိပေါ်နဲ့ချစ်သူုဖစ်နေကြပြီဆိုတာ တစ်ရပ်ကွက်လုံးသိနေပြီဖြစ်သည်။ တချို့က အထင်သေးတဲ့အကြည့်များဖြင့် ကြည့်ကြသလို တချို့ကတော့ ပြုံးစိစိဖြင့် သဘောတူသည်အကြည့်ဖြင့်ကြည့်ကြပြန်တယ်။ ဘယ်လိုနေနေဘယ်သူမှဂရုမစိုက်တက်တဲ့ရိပေါ်ဟာ အပြင်လူတွေရဲ့ထင်မြင်ယူဆချက်တွေကို သူဂရုမစိုက်ပါ။ သူဂရုစိုက်တာက ကမ္ဘာပေါ်မှာတစ်ယောက်တည်းသာရှိတဲ့ သူ့ရဲ့ယုန်အဘိုးကြီး အေးစက်စက်နိုင်ပေမဲ့ ရှက်ရဲရဲမျက်နှာကလေးဖြင့် ယုန်အဘိုးကြီးမျက်နှာတစ်ချက်မညိုးအောင် သူ့ရဲ့အချစ်တွေကို ပြလေ့ရှိပါသေးတယ်..။

တစ်ခုတည်းသောညနေပိုင်းတွင်.....

ရှောင်းကျန့်တို့များ ချစ်သူဖြစ်သွားပြန်တော့လဲ ရုံးမတက်၊ ကျိုးချန်က တဂွမ်ဂွမ်ဖြင့် ဖုန်းဆက်ကာခေါ်သော်လည်း Ph.noကိုblထားလိုက်တယ်။
အခုမှ သူ့ဘ၀က အစပြုမှာကို အနှောင့်အယှက်တွေ သိပ်များတာပဲ(´-﹏-';)

သူ့မှာ ချစ်ရတဲ့အရိုးလေးကိုအချိန်ပြည့် ထိုင်ငေးနေခွင့်ပင်မရှိချေ ။
အရိုးလေးအိမ်သို့ အလည်သွားတိုင်းအားအားယားယားအလည်လာတယ်ဆိုပြီး ခဏခဏနှင်လွှတ်ခံရလွန်း ရှောင်းကျန့်တို့ မျက်နှာငယ်ရပါတယ်။
သူ အားအားယားယားအလည်သွားခြင်းမဟုတ်ပါ သူ့ရဲ့ချစ်ရသူနဲ့ တစ်ရက်မှာ၂၅နာရီလောက်အတူတူနေချင်ရုံလေးပါ ၂၄နာရီလို့လာမပြောနဲ့ ဟိုဘက်ရက်ထဲက ၁နာရီထပ်ချေးထားတာ
အရိုးလေးကို တနေကုန်ထိုင်ကြည့်တက်တဲ့ရှောင်းကျန့်ကြောင့် သူ့ကလေးလေးက နှင်လွှတ်တာဖြစ်လိမ့်မယ်။
ဒါကို ရှောင်းကျန့်တို့က ဆင်ခြင်မယ်ထင်လား Noပါ အရှိကိုအရှိတိုင်း ချစ်လွန်းလို့ကို အားမနာတမ်းငေးပစ်လိုက်တယ်။

အရိုးလေးအိမ်လှမ်းကြည့်လိုက်တော့ အပြင်တနေရာရာကိုသွားမည့်ဟန်မို့ အပေါ်coat ကို ယူလိုက်ပြီးအပြေးကလေးသွားလိုက်ရင်း အချစ်ကိုမေးရတယ်။

The Old Bunny&His Little Rib(for my fav:author Sanay Moe Swe)[Completed]Where stories live. Discover now