episode ~6~🖤

1.4K 150 26
                                    

#Unicode🖤




Oမ်ရိပေါ်တစ်ယောက် မကိုင်တက်ကိုင်တက်ဖြင့် ကြက်ကိုကိုင်နေတုန်း အိမ်ခြံရှေ့မှကားဟွန်းသံကြောင့် မျက်မှောင်ကျုံ့မိသွားတယ်။
အိမ်ရှေ့ထွက်ကြည့်မိတော့ မနေ့ကရှောင်းအိမ်တော်မှာတွေ့ခဲ့ရတဲ့ကားဖြစ်နေသည်မို့ ရှောင်းမားများလားဟုထင်ကာ တံခါးဖွင့်ပေးလိုက်လေတယ်။
မထင်မှတ်စွာ ဆင်းလာသူက ယုန်အဖိုးကြီး

" အရိုးလေးက အပုန်းကောင်းလိုက်တာကွာ ကြည့်ပါဦး ဖူးစာပါချင်တော့လဲ အိမ်နီးနားချင်းဖြစ်နေပါရောလား "

" ယုန်အဖိုးကြီး ဘာလာလုပ်တာလဲ အခုထွက်သွား "

" မ ထွက် သွား ဘူး "

တစ်လုံးချင်းစီပြောပြီး ဧည့်ခန်းထဲဝင်ထိုင်နေတဲ့ယုန်အဘိုးကြီးကြောင့် ရိပေါ်မှာ စိတ်ရှုပ်စွာ လက်ကနေပြန်ဆွဲပြီး အပြင်ကို အတင်းတွန်းထုတ်လိုက်တယ်။

သောက်အဘိုးကြီးက လူကြည့်တော့ ပိန် မယောင်ယောင်နဲ့ အားတွေဘယ်နားကထွက်လဲမသိ ပြန်စောင့်ဆွဲလိုက်တော့ သူ့မှာ ယုန်အဘိုးကြီးရင်ခွင်ထဲတန်းကနဲရောက်သွားလေတယ်။
အရှိန်များသွားလွန်းတော့ ယုန်အဘိုးကြီးရဲ့မေးစေ့နဲ့ သူ့ခေါင်းနဲ့စောင့်သွားလေတယ်။

" အ့ "

အရိုးလေးရဲ့ခေါင်းနဲ့စောင့်သွားသည်မို့ နာကျင်မှုကမသေးလှ ။ အရိုးလေးနဲ့တွေ့လိုက်တိုင်းတခုမဟုတ် တစ်ခုကတော့အနာတရဖြစ်လိုက်ရမှကျေနပ်နေသလားမှတ်ရတယ် ခံတွင်းထဲသွေးတွေတောင်ထွက်နေပြီ။

" အ့ အရိုးလေး သွေးထွက်သွားပြီ မင်းလေးတော်တော်ဆိုးတာပဲ "

နာရတာနဲ့တန်အောင်ရင်ခွင်ထဲရောက်နေတဲ့ကိုယ်လုံးအိအိလေးကိုဆွဲညှစ်ပစ်လိုက်တယ်။

~အဟား အိညက်နေရော တနေကုန်ညှစ်ချင်စရာလေးကွာ~

" ယုန်အဘိုးကြီး!! အင့် လွှတ် လွှတ်စမ်း"

" မလွှတ်ဘူး "

အတင်းတွေဖိညှစ်လွန်း၍ ရိပေါ်မှာ ဒေါသထွက်ထွက်နဲ့ မျက်လုံးရှေ့က ယုန်အဘိုးကြီးရဲ့ရင်ဘက်ကို ကိုက်ပစ်လိုက်တယ်။

The Old Bunny&His Little Rib(for my fav:author Sanay Moe Swe)[Completed]Where stories live. Discover now