The Same as p-2 uni

635 118 4
                                    

ရောက်ပါပြီ JaeHyuk မနက်တိုင်းလာစားနေကျဆိုင်

"အကို ခါတိုင်းလိုပဲ မှာမှာလား "

"နေအုံး ဒီနေ့ 2 ပွဲလုပ်ပေး ပါဆယ်ပါတစ်ခါထဲထုပ်လိုက် "

စားပွဲထိုးမလေးက ခေါင်းငြိမ့်ပြကာ Jaehyuk အတွက် ပါဆယ်နှစ်ထုပ်သွားပြင်ပေးနေသည်
ဒီနေ့မှမှိုင်နေသော JaeHyuk ကြောင့်
ဆိုင်ပိုင်ရှင် Yoshi ကမနေသာမထိုင်သာ ခုံမှာလာထိုင်ရင်းစကားစလိုက်သည်

"ညီက ဒီနေ့မျက်နှာမကောင်းသလိုပဲ ဘာတွေအဆင်မပြေတာရှိလာလည်း အကို့ကိုရင်ဖွင့်လို့ရတယ်နော်
ပါဆယ်2ထုပ်မှာတယ်ဆိုတော့ ကောင်မလေးအတွက်ရောထင်တယ်"

"မဟုတ်ပါဘူးအကိုရာ...နယ်က ကျွန်တော့်အမေလေ
ကျွန်တော်နဲ့အတူနေဖို့အဖော်ဆိုပြီး အဖော်တစ်ယောက်လွှတ်ပေးလိုက်တယ်လေ "

"မင်းနဲ့အဆင်မပြေဘူးဆိုပါတော့ "

"ကျွန်တော်နဲ့က ပုံစံချင်းမတူဘူးဗျ အခုလည်းမနက်စာမချက်တတ်ဘဲ မီးဖိုထဲဝင်နေတယ်တဲ့ တစ်အိမ်လုံးမီးမလောင်ကုန်တာကံကောင်း အပြင်မှာထွက်မစားချင်ဘူးတဲ့"

"ဟားဟား....မင်းကအဲ့တာကြောင့် ပါဆယ် 2 ထုပ်ထုပ်ပြီးအိမ်ပြန်မယ်ပေါ့ ဒီမှာစားပြီးမှသူ့အတွက်ဝယ်သွားလည်းရတာပဲ"

"သူစောင့်နေတာကြာရင် ဗိုက်ဆာနေမှာပေါ့ Hyung ရ"

ဆင်ခြေကေးနေတဲ့ Jaehyuk ကို Yoshi ကပြုံးပြီး
စိတ်မပူတာလည်းမဟုတ်ဘဲနဲ့ဆိုတဲ့အကြည့်နဲ့ကြည့်နေသည်

"အကို့နာမည်က Jaehyuk ပါ... အကိုက ဒီဆိုင်ပိုင်ရှင် အမြဲကောင်တာထိုင်နေတော့ သိမယ်ထင်တယ် "

"ဟုတ်..ကျွန်တော်သတိထားမိပါတယ် ကျွန်တော်က Jaehyuk ပါ YoonJaeHyuk. "

"ရပါပြီရှင့်.. "

"ကျွန်တော်ပြန်တော့မယ် Hyung"

"အင်း အဆင်ပြေပါစေ JaeHyuk "

Asahi JaeHyuk ထွက်သွားထဲက ဧည့်ခန်းထဲထိုင်ကာ ဂိမ်းဆော့နေသည်
ခါတိုင်းလည်း မနက်စာကိုနောက်ကျမှစားတတ်သူမို့
ဗိုက်အရမ်းဆာနေတာမျိုးလည်းမဖြစ်

သိပ်မကြာပါဘူး အိမ်ရှေ့မှာကားရပ်သံကြားရတာကြောင့် Jaehyuk ပြန်လာပြီဆိုတာ သူသိလိုက်သည်
ပြန်ဝင်လာပါပြီ အပြင်သွားစားမို့ဆိုက်ကြီးဂိုက်ကြီးဝတ်ထားတဲ့ Jaehyuk
လက်ထဲမှာက ပါဆယ်နှစ်ထုပ်နှင့်.....

The Same as {Completed}💛Where stories live. Discover now