The Same as p-4 Uni

595 95 27
                                    

JeongWoo က Asahi ကိုကူလိုက်အုံးဆိုလို့ JaeHyuk မီးဖိုခန်းထဲကမထွက်ရသေး....
မုန်လာဥနီဆေးပေးသလိုနှင့် အရွက်လှီးနေသည့် ​​ဘေးကAsahi
ကို မသိမသာခိုးကြည့်လိုက်သည်

သူလည်း အချက်အပြုတ်မကျွမ်းကျင်သူမို့ အရွက်ကိုသေချာအားစိုက်လှီးနေတော့ ကိုယ်ကြည့်နေတာကိုသတိထားမိပုံမရှိတာကြောင့် ခနလောက်ထိ ကြည့်နေလိုက်သည်

"JaeHyuk မုန်လာဥနီပေးတစ်ခါထဲလှီးလိုက်မယ်..."

"......"

သူ့ကိုတော့ကြည့်နေ​​ပေမဲ့ ဘာမှပြန်မပြောတဲ့ JaeHyuk ကြောင့်
Asahi သူ့မျက်နှာသူကိုင်ကြည့်ကာ

"ဘာပေနေလို့လည်း.. "

ထိုအခါမှ JaeHyuk အသိဝင်လာကာ တစ်ဖက်ပြန်လှည့်ရင်းမုန်လာဥနီဆက်ဆေးနေလိုက်သည်

"အခုထိငါ့ကိုစိတ်ဆိုးနေတုန်းလား ငါက မင်းသူငယ်ချင်းစစ်မစစ်ဘယ်လိုသမှာလည်း အဲ့တာကြောင့် အိမ်ထဲပေးမဝင်တာ "

"ရော့....လှီးလို့ရပြီ"

လက်ထဲကမုန်လာဥနီကိုပေးကာ မီးဖိုခန်းမှ ထွက်လာလိုက်သည်
အခန်းအပြင်ရောက်သည့်အခါတွင်မှ ရင်ဘက်ကိုလက်နှစ်ဖက်ဖြင့်ဖိကာ သက်ပြင်းတစ်ချက်ချရင်း...

*ရင်ပူလိုက်တာ ဟူး......*

"JaeHyuk Hyung ဘာလုပ်နေတာလည်း "

"မင်းကလည်း လန့်လိုက်တာ ဘာမှမဖြစ်ပါဘူး"

"Asahi Hyung နဲ့အဆင်မပြေဘူးလား သူကတဂယ်ကို ဖြူစင်ပါတယ် ခင်ဖို့လည်းကောင်းတယ် "

"နောက်မှဆက်ပြောကြတာပေါ့ Ruto နဲ့စကားသွားပြောလိုက်အုံးမယ်"

"အဲ့တာ ကျွန်တော့လူနော် ဝေါ့ "

JeongWoo က လျှာထုတ်ပြကာ မီးဖိုခန်းထဲပြေးဝင်သွားသည်

JaeHyuk စိတ်ထဲတွင်တော့
*JeongWoo အဆင်ပြေနေပုံပဲ ပျော်နေလိုက်တာ...ဟင့်*

JeongWoo မီးဖိုခန်းထဲရောက်သည်နှင့် Asahi ကသူ့ဘက်လှည့်ကာ မုန်လာဥနီကိုထောင်ပြရင်း

"JaeHyuk ကငါ့ကိုစိတ်ဆိုးနေတုန်းထင်တယ် စကားမပြောဘူး ခုနကမင်းတို့ကိုငါမဝင်ခိုင်းလို့လေ "

The Same as {Completed}💛Where stories live. Discover now