The Same as P-5 ZG

256 14 0
                                    

JaeHyuk Asahi နဲ့ သူငယ်ချင်းဖြစ်အမှတ်တရအနေနဲ့ ဒီနေ့အပြင်ခေါ်သွားရန် စီစဉ်ထားသည်
Asahi ကိုလည်းပြောထားပြီးသားမို့
အဆင့်သင့်ပြင်ကာ စောင့်နေလိုက်သည်
Asahi ကလည်း JaeHyuk နဲ့ အပြင်သွားရမယ်ဆ်ိုတော့
တဂယ်ကိုပျော်နေပါသည်

"JaeHyuk စောင့်နေတာကြာပြီလား "

"ဟင့်အင်း...ခုပဲလေ သွားမယ်"

ကားလေးတစ်စီးမြို့ထဲသို့တရွေ့ရွေ့မောင်းထွက်လာသည်
အရင်ဆုံးဆိုင်တစ်ဆိုင်၌ မနက်စာဝင်စားပြီးနောက် မြို့ထဲသို့ဆက်လက်မောင်းနှင်လာသည်

"JaeHyuk ကျေးဇူးပါ ငါ့ကိုအပြင်အတူတူထွက်ခွင့်ပေးလို့ "

"ရပါတယ်.. နောက်ဆို JeongWoo တို့ဆီပါလိုက်ပို့ပေးမယ်"

"အင်း..ဂိုမားဝေါ်"

ထို့နောက်JaeHyuk က ကားကိုထိရပ်လိုက်တာကြောင့်...

"ဘာဖြစ်လို့လည်း JaeHyuk "

"ခနလေး စောင့်နေ"

သူ့ကိုခနစောင့်ခိုင်းကာ ကားပေါ်ကဆင်းသွားသော JaeHyuk ကို Asahi လိုက်ကြည့်နေမိသည်
ထို့နောက် မျက်စိထဲဝင်လာသော မြင်ကွင်းက ချစ်စရာကောင်လေးတစ်ယောက်နဲ့ စကားရပ်ပြောနေသော JaeHyuk ရဲ့ပြုံးရွှင်နေတဲ့မျက်နှာ
သူနဲ့နေခဲ့တုန်းက တစ်ခါမှမမြင်ခဲ့ဘူးရသေးသော အပြုံးချိုချိုများနှင့်ထိုကောင်လေးကို စကားပြောနေသော JaeHyuk ကြောင့် Asahi မသိစိတ်ကဝမ်းနည်းချင်သလိုဖြစ်လာသည်

"HyunSuk Hyung.... မတွေ့တာကြာပြီနော်... အလုပ်ပဲလား"

"ဟာ.. JaeHyuk ဘယ်တွေပျောက်နေတာလည်း ".

"ဒီလိုပါပဲ... ဒါနဲ့ ကျွန်တော်လိုက်ပို့မယ်လေ "

"ဟင့်အင်းရတယ်... ဟို.."

Asahi လည်း အခြေအနေကိုသိချင်တာကြောင့် ကားပေါ်က ဆင်းလာသည်

"JaeHyuk ဘယ်သူလည်း သူငယ်ချင်းပဲလား"

"အင်း..အခုကတေ့ သူငယ်ချင်းပဲပေါ့ "

JaeHyuk ပြောချင်တဲ့အဓိပ္ပါယ်ကို Asahi သိတာမို့ စကားဆက်မပြောဘဲကြည့်နေလိုက်သည်

"သူက မင်းသူငယ်ချင်းလား JaeHyuk "

"အင်း..ဟူတ်တယ် သူငယ်ချင်းအသစ်ပါ ကျွန်တော်နဲ့လိုက်ခဲ့လေ... လာပါ လိုက်ပို့ပေးမယ်"

The Same as {Completed}💛Where stories live. Discover now