The Same as P-7 ZG

240 10 0
                                    

JeongWoo JaeHyuk ခြံရှေ့ရောက်တော့ကားဟွန်းတီးကာခေါ်ပေမယ့် တစ်ယောက်မှထွက်မလာတံခါးကလည်းသော့မပိတ်ထားတာကြောင့်  ကားကိုအပြင်မှာပဲထားခဲ့ကာ ဝင်လာလိုက်သည်
အိမ်ထဲရောက်လို့ခေါ်ကြည့်တော့လည်း တိတ်ဆိတ်နေတာကြောင့် JeongWoo စိတ်ပူကာ
အပေါ်ထပ်အိပ်ခန်းတွေရှိရာဆီတက်သွားသည်
ထို့နောက် တံခါးပွင့်နေသောအခန်းကြောင့်အမြန်ပြေးကြည့်လိုက်တော့....

"Asahi Hyung!...."

အခန်းထဲလှဲကျနေသောAsahi ကြောင့် JeongWoo ပြာယာခက်သွားပြီး သွားကြည့်လိုက်တော့ လှဲကျနေတဲ့ ဘေးနားမှာတွေ့ရတာက ဆေးကဒ်တစ်ခု....JaeHyuk ကိုအော်ခေါ်တော့လည်းမရှိဟန်ပေါ်တာကြောင့်
JeongWoo လူနာတင်ကားမခေါ်တော့ဘဲ Asahi ကိုပွေ့ချီကာ ဆေးကဒ်ကိုယူရင်း သူ့ကားနှင့်သာ နီးရာဆေးရုံဆီသို့အမြန်သွားလိုက်သည်
ကားမောင်းနေရင်းမှ JaeHyuk ကိုလည်း
ဖုန်းအကြိမ်ကြိမ်ဆက်နေသေးသည်

*လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ....*

JeongWoo လည်းJaeHyuk ကိုဆက်မရတာကြောင့် Ruto ကိုသာဖုန်းဆက်ပြီးဆေးရုံကိုသွားထားခိုင်းလိုက်သည်
ဆေးရုံရောက်သည်နှင့်အရေးပေါ်ခွဲစိတ်ခန်းထဲတွန်းဝင်သွားသော
ကုတင်ပေါ်၌ အပစ်ကင်းကင်းစင်စင်အိပ်ပျော်နေသော Asahi
ကိုကြည့်ပြီး JeongWoo အတော်ကိုသနားမိသည်

ထို့နောက်အပြင်ကနေ JaeHyuk ကိုမနားတမ်းဖုန်းဆက်ခေါ်ဖို့သာတတ်နိုင်တော့သည်

~~~~~~~~~~~~~~~~~~

"JaeHyuk yahh ရောက်တာကြာနေပြီလား Hyung နောက်ကျသွားတယ် "

"ရပါတယ် Hyung "

"အခုကမင်းကိုအားနာပေမယ့် ပြောစရာရှိလို့ မိတ်ဆက်ပေးစရာလည်းရှိလို့ JaeHyuk ကို အကို့သူငယ်ချင်းတစ်ယောက်အနေနဲ့ "

"Hyung....ကျွန်တော့ကိုရှင်းအောင်ပြောပါ "

"Jihoona "

HyunSuk ခေါ်လိုက်တာနဲ့ ဆိုင်ထဲဝင်လာသော Jihoon ကြောင့် မျက်စိစပညးမွှေးစူးရပြန်သည်

"ဒါက Hyung ရဲ့ချစ်သူ Jihoon ပါ....ဒါကတော့ JaeHyuk ငါ့သူငယ်ချင်း... "

"တွေ့ရတာဝမ်းသာပါတယ် Jae...Hyuk"

လက်လှမ်းပေးလာသော Jihoon မျက်နှာမှာအပြုံးတွေအပြည့်

"Hyung ကျွန်တော့ကိုသွားခွင့်ပြုပါအုံး သိရတာလည်းဝမ်းသာပါတယ် "

The Same as {Completed}💛Onde histórias criam vida. Descubra agora