The Same as P3 ZG

317 18 0
                                    

အိမ်တစ်အိမ်ထဲမှာ မတူညီတဲ့ပုံစံ မတူညီနဲ့စိတ်သဘောထားနဲ့ လူနှစ်ယောက် အတူတူကျော်ဖြတ်လာခဲ့ကြသည်မှာ 1 ပတ်တိတိရှိပြီ.....
ကိုယ့်အခန်းကိုယ်နေပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေကြသည်
နှစ်ယောက်ဆုံချိန်ဆိုလို့ ထမင်းစားချိန်တစ်ချိန်လောက်သာရှိမည်

ဒီမနက်မှာလည်း YoonJaeHyuk မနက်စာဝယ်ရန်ထွက်လာခဲ့သည်

"ဒီနေ့နည်းနည်းကြာမယ် သူငယ်ချင်းတွေအိမ်လာလည်မှာမို့လို့ "

"အင်း...ဂရုစိုက်သွား"

ဒီနေ့JeongWoo လာမည်ပြောထားသည် Ruto လည်းပါမည်ဆိုတော့ မနက်စာအတွက်ရော နေ့လည်စာအတွက်ပါ များများဝယ်ရန် အပြင်ထွက်လာသည်

Asahi ကတော့ ခါတိုင်းလိုပဲ JaeHyuk မနက်စာထွက်ဝယ်တိုင်းအိမ်မှာနေကျန်ခဲ့စမြဲ.....
JaeHyuk အမေကတော့အပြင်ထွက်ရင်အတူတူသွားဖို့မှာထားပေမယ့်
သူလည်းအဆင်သင့်မဖြစ်သေးသလို JaeHyuk လည်းအဆင်သင့်ဖြစ်အုံးမယ်မထင်တာကြောင့်
အခြေအနေတွေပိုမဆိုးခင် ငြိမ်နေလိုက်သည်

Asahi အတွေးများနေစဉ် အိမ်ရှေ့မှာကားဟွန်းတီးသံကြားရတာကြောင့် ထွက်ကြည့်လိုက်သည်

ကိုယ်မသိတဲ့လူတွေဖြစ်တာကြောင့် ခြံတံခါးကိုအရင်မဖွင့်ပေးဘဲ
လူသာအရင်ထွက်ကြည့်လိုက်သည်

သူထွက်လာတော့ ကားထဲကနေဆင်းလာသော အရပ်ရှည်ရှည် လူနှစ်ယောက်
နှစ်ယောက်စလုံးကအရပ်လည်းရှည်ပြီး အတော်ကြည့်ကောင်းတဲ့အထဲပါသည်

"နူဂူဆယ်ယို?.."

"JaeHyuk ရဲ့သူငယ်ချင်းပါ "

"မင်းတို့ကကြည့်ကောင်းပြိးသန့်ပါတယ် ဒါပေမယ့် ငါမယုံဘူး
အခုခေတ်လူဆိုးတွေကအရမ်းကြည့်ကောင်းကြတာ "

Asahi စကားကြောင့် JeongWoo ရော Haruto ပါ မသိမသာရီလိုက်ကြသည်

"ဒီမှာ.. ကျွန်တော်က JeongWoo သူက Haruto ပါ
JaeHyuk ပြောထားတယ်မလား "

"မပြောဘူး မင်းတို့JaeHyuk သူငယ်ချင်းဆိုတာသေချာလား "

"အင်း..သေချာတယ် "

"ဒါဆို JaeHyuk ပြန်လာတဲ့အထိစောင့်နေလိုက် "

သူပြောချင်တာပြောပြီး အိမ်ထဲပြန်ဝင်သွားတဲ့ Asahi ကြောင့်
Haruto ခါတိုင်းစိတ်နဲ့ဆို ခြံကိုခွကျော်ပြီးနေလောက်ပြီ
အခုက JeongWoo ကလည်း ပါနေ အိမ်ကလည်း JeongWoo သူငယ်ချင်းရဲ့အိမ်ဖြစ်နေတာကြောင့်
သက်ပြင်းသာချနေရသည်

The Same as {Completed}💛Where stories live. Discover now