The Same as...the end ZG

352 16 0
                                    

JaeHyuk ဖက်ထားလိုက်တာ အချိန်ဘယ်လောက်ကြာသွားမှန်းမသိ ရင်ခွင်ထဲက Asahi မရှိမဲ့ရှိမဲ့အားလေးသုံးကာ တွန်းထုတ်လိုက်သည်

"သွား....အပိုတွေလာမလုပ်နေနဲ့ "

"အပိုတွေလုပ်တုန်းက ဘယ်သူကငြိမ်ခံနေတာလည်းနော် "

"ဘယ်သူကငြိမ်နေလို့လည်း တွန်းထုတ်လိုက်တာမတွေ့ဘူးလား"

"တွေ့ပါတယ် တွေ့ပါတယ် ဒါဖြင့် ပြန်တော့မယ်နော်"

ပြန်တော့မယ်နော် လို့ပြောပြီး ကုတင်ပေါ်ဘေးစောင်းထိုင်နေတဲ့ Asahi မျက်နှာကိုမြင်ရအောင်စောင်းပြီး ကြည့်ရင်းပြောလိုက်သည်
သူများ ဘယ်လိုတုံ့ပြန်မလည်းသိချင်သောစိတ်ဖြင့်ပေါ့

"ပြန်လေ...ဘာလို့ရပ်နေသေးတာလည်း "

*သွားပါပြီ ငါ့မျှော်လင့်ချက်လေး *

"ဟာကွာ...ပင်ပင်ပန်းပန်းနဲ့လာရတာကို ဘယ်လိုမောင်းထုတ်ချလိုက်ရက်တာလည်းကွာ"

JaeHyuk က ဆွဲမယ်ထင်လို့သွားမယ်တကဲကဲ လုပ်နေတာ မဆွဲသည့်အပြင်မောင်းထုတ်ခံရတော့ JaeHyuk Asahi ဘေးနားကိုမြန်မြန်သွားလိုက်ပြီး
သူ့ပေါင်ပေါ်ခေါင်းအုံးလိုက်ကာလှဲချလိုက်သည်
ပေါင်ပေါ်ကနေ သူ့မျက်နှာလေးကိုမော့ကြည့်လိုက်တော့
ကိုယ့်ကိုငုံကြည့်နေတဲ့မျက်နှာက အပေါ်ကိုပြန်မော့သွားပြန်သည်
ပြန်မော့သွားလို့မြင်နေရတဲ့ လည်တိုင်ကျော့ကျော့က adam's apple လေးကို ဆွဲကိုက်ချင်တဲ့စိတ်ကတစ်ဖွားဖွား ....

"မျက်နှာပြန်ငုံ့ပါအုံး ဒီမှာသတိရလို့ကြည့်နေတာကို"

"မင်းရူးနေလား ဆေးမှားသောက်ထားတာလား ငါတို့ကသူငယ်ချင်းနော် မင်းပြောနေတဲ့ပုံစံက ဟို.... အမ်......."

"ဘာဖြစ်လည်း ငါ့သူငယ်ချင်းငါသတိရလို့လေမဖက်ရဘူးလား သူငယ်ချင်းမျက်နှာတောင်မကြည့်ရတော့ဘူးလား "

"ဒါဆို ငါကမင်းသူငယ်ချင်းဆိုရင်... မင်းနဲ့ HyunSuk Hyung အဆင်ပြေလားလို့မေးတုန်းကဘာလို့မဖြေခဲ့တာလည်း"

"အဲ့နေ့က မင်းပြန်တော့မယ်ဆိုတော့ ဒီကစိတ်မကောင်းဖြစ်နေတာနဲ့ ဘယ်ပြောထွက်ပါ့မလည်း ပြီးတော့ HyunSuk Hyung အကြောင်းပြောရင် သူ့ချစ်သူဟိုကောင့်မျက်နှာကိုပြန်မြင်လာရော
ဟင့်...ငါစိတ်တိုလွန်းလို့"

The Same as {Completed}💛Where stories live. Discover now