The Same as P-8 Uni

514 89 3
                                    

ဘာလိုလိုနဲ့ဒီနေ့ Asahi ဆေရုံးဆင်းမည့်နေ့တောင်ရောက်လာပြီ
JaeHyuk ကိုယ်တိုင်ပဲကားနှင့်အိမ်သို့ပြန်ခေါ်လာခဲ့သည်
ကားပေါ်ကဆင်းတော့လည်း Asahi ကိုတွဲကာ အိမ်ထဲရောက်သည်အထိ ခေါ်ဝင်လာသည်

ထို့နောက် ဧည့်ခန်း၌ဝိုင်းထိုင်ကနေကြသည် တိတ်ဆိတ်ငြိမ်သက်နေကြတဲ့အထဲဘ
အရင်ဆုံးအသံစထွက်လာတဲ့သူက JaeHyuk ရဲ့အမေ

"ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် တာဝန်မကျေဘူးလို့ထင်ရတဲ့ ကျမတို့ဘက်ကပဲတောင်းပန်ပါတယ်နော် သား Asahi ကိုလည်း အန်တီအားနာပါတယ်ကွယ်"

"မဟုတ်တာ..ဒါကအစထဲကရှိခဲ့တာပဲ အခုမှဖြစ်တာမှမဟုတ်တာ"

"ဒါဆို အခုလောလောဆယ်တော့မပြန်ကြနဲ့အုံးလေ ဆေးရုံဆင်းခါစဆိုတော့ပင်ပန်းနေမှာပေါ့
နောက်ရက်မှပဲ အတူတူပြန်ကြတာပေါ့ "

"အင်း...သဘက်ခါလောက်မှပြန်ကြတာပေါ့ သားလည်းနားပါစေအုံး "

ထိုအထဲမှာစကားတစ်ခွန်းမှမပြောတဲ့သူကတော့ JaeHyuk
လက်ဖဝါးနှစ်ခုကိုပွတ်ကာ ခေါင်းကိုအောက်စိုက်ထားသည်
သူဘာဖြစ်ချင်နေတာလည်းကို သူက်ိုယ်တိုင်တောင်အတိအကျမသိသေးပါ
ထို့ကြောင့် ဘာစကားမှဝင်မပြောဘဲသူများပြောတာသာနားထောင်နေလိုက်သည်.
Asahi ကတော့ ပြန်ရတော့မည်ဆိုတော့ JaeHyuk မျက်နှာကိုမော့ကြည့်မိသည်.....သူ့ကိုများတားမလားဆိုသည့်အတွေးနှင့်ပေါ့..
သို့ပေမယ့် ခေါင်းကိုအောက်ချထားပြီးဘာမှမပြောတဲ့  JaeHyukကြောင့် သက်ပြင်းချကာသာ ပြန်မည့်ကိစ္စကိုသဘောတူလိုက်သည်

~~~~~~~~~~~~~~~~
Asahi တို့အိမ်မပြန်ခင်တစ်ရက်ညနေဘက်....
ညနေစာစားကြပြီးနောက် JaeHyuk Asahi အခန်းနားသွားကာ တစ်ခုခုကိုစဥ်းစားနေသည်.
တစ်ချက်ချက် တံခါးခေါက်ဖို့လက်ချိန်ကာ သက်ပြင်းချရင်းလက်ကိုအောက်ပြန်ချလိုက်ပြန်သည်
ထို့နောက် အခန်းတံခါးရှေ့ပတ်လျှောက်နေပြန်သည်
နောက်ဆုံးမှာတော့ အခန်းတံခါးမခေါက်တော့ဘဲ အခန်းထဲတန်းဝင်သွားလိုက်သည်

တံခါးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက တံခါးဘက်ကိုကျောပေးကာ ပြတင်းပေါက်ဘက်မျက်နှာမူပြီးထိုင်နေသော Asahi ရဲ့ကျောပြင်သေးသေးလေးက ငြိမ်သက်နေသည်
နောက်ကနေရပ်ကြည့်နေရင်းဝမ်းနည်းတဲ့စိတ်ကအလိုလိုဆို့တက်လာတာကြောင့်
အသက်ကိုပြင်းပြင်းရှူရင်း Asahi ဘေးနားသွားကာ
ထိုင်နေတဲ့ Asahi ရဲ့ပေါင်ပေါ်ကိုခေါင်းအုံးကာ အိပ်ချလိုက်သည်

The Same as {Completed}💛Where stories live. Discover now