1

10K 456 22
                                    

ချစ်သူ လူဆိုး 

အပိုင်း (1)


"သားကျန့်လေး... သားကျန့်လေး..သားကျန့်လေးရေ..."


"ဟုတ်ကဲ့ မား..."


"ကျောင်းအသစ်ကို သွားရမှာကို ဘာလို့ နောက်ကျနေတာလဲ... လာ....ကြည့်ပါဉီး အကျီဝတ်ထားတာကိုလည်း သေချာလည်း ပြင်မဝတ်ဘူး..."



"မား လုပ်ပေးတာ ခံချင်လို့ပေါ့... "


အနည်းငယ် မသေမသပ်ဖြစ်နေတာကို ရှောင်းမားက သေချာသပ်ရပ်အောင် လုပ်ပေးလိုက်သည် ။


"လာ...မနက်စာ..စားရအောင်"



"ဟုတ်ကဲ့ မား.."


လွန်ခဲ့တဲ့ နှစ်လ လောက်တုန်းက ရှောင်းကျန့် တက်တဲ့ ကျောင်းလေးကို ဝမ်မိသားစုက စာတော်တဲ့ ကျောင်းသားတွေ အတွက်ဆိုပြီး ပညာ သင်ဆုပေးသည် ။   ကျောင်းစာ မှာ အရမ်းကို တော်တဲ့ ရှောင်းကျန့် က ပညာသင်စုကို ရသည် ။ တရုတ် နိုင်ငံတွေထဲက နာမည်ကြီးတဲ့ ကျောင်းလေးမှာ တက်ခွင့်ရသည် ။ ရှောင်းကျန့် ဟာ သူအရမ်းတက်ချင်နေတဲ့ ကျောင်းလေးမှာ တက်ခွင့်ရတာကြောင့် အရမ်းကို ပျော်သည် ။ ဒီနေ့ဟာ ပထမဆုံး ထိုကျောင်းလေးကို တက်ရမဲ့ နေ့ပင်ဖြစ်သည် ။


"ခွမ်း..."

မနက်တိုင်း ကြားနေရတဲ့ ဆူညံသံလေး ။



"အရသာ မရှိလိုက်တာ ကော်ဖီနဲ့ မုန့်တွေက မင်းတို့ ဘယ်လို ဖျော်ထားကြတာလဲ... စိတ်ရှုပ်တယ် "

"အကိုလေး နောက်ထပ် ထပ်ဖျော်လာခဲ့ပါ့မယ် "


"တော်ပြီ ဘယ်နှစ်ခါ ဖျော်ဖျော် အရသာ ရှိမှာ မဟုတ်ဘူး... တောက်..."

တောက်တစ်ချက် ခေါက်လိုက်တဲ့ အဆုံးမှာ ဖိတ်ဖိတ်တုန်အောင် ကြောက်နေတဲ့ အိမ်အကူမလေးတွေ ။ အဘိုးဖြစ်သူနဲ့ ဉီးလေးဖြစ်သူကလည်း စိတ်တိုကာ ထွက်သွားတဲ့ ရိပေါ် လေးကို ကြည့်နေမိသည် ။



ငယ်ငယ်လေးကတည်းက အဖေရော.အမေပါ မရှိတဲ့ ဒီကလေးလေးကို သူ့တို့ရဲ့ လက်ပေါ်မှာဘဲ နို့တိုက် စောင့်ရှောက်လာရတာ...ဝမ်းနဲ့ လွယ်ပြီး မမွေးခဲ့ရတာ တစ်ခုဘဲ ။ ဒီကလေးလေးကို ဉီးလေးဖြစ်သူနဲ့ အဘိုးဖြစ်သူကဘဲ ကိုယ့်ရဲ့ သားလေး အရင်း တစ်ယောက်လို ချစ်ပေး ကြင်နာပေး နဲ့ ပိုးမွေးသလိုလေး ဂရုစိုက် ထားရတာ ။ ဒါ့ကြောင့် လည်း ရိပေါ် လေးဟာ ဆိုးနေတာလေ ။ ဒါပေမဲ့လည်း အဘိုးဖြစ်သူနဲ့ ဉီးလေး ဖြစ်သူရဲ့ အမြင်မှာတော့ဒီအဆိုးလေးကိုဘဲ  အရမ်းကို ချစ်ပြီး သဲသဲလှုပ်နေရတာပေါ့ ။


ချစ်သူ လူဆိုး (Complete)Where stories live. Discover now