8

3.6K 355 14
                                    

ချစ်သူ လူဆိုး

အပိုင်း (8)


ရှောင်းကျန့် ခုနက ကလေးလေးတွေကို ဝလုံးလေးတွေ ရေးပေးနေရင်းကနေ မျက်လုံးထောင့်နားက လှမ်းမြင်လိုက်သည် ။
ဝမ်ရိပေါ် ။ အခု သူတွေ့နေရတာက ဝမ်ရိပေါ် လား  ။ ဘယ်လိုဖြစ်ပြီး ဝမ်ရိပေါ် ဟာ ဂေဟာလေး မှာ ရှိနေရတာလဲ ။  ပြီးတော့ ဘာလို့ သူ့ကို မျက်မှောင် ကျုံ့ပြီး ကြည့်နေရတာလဲ ။ အတွေးတွေနဲ့ ရှောင်းကျန့် ကြောက်စိတ် ဝင်လာသည် ။ ကလေးတွေ ရှေ့မှာမို့ ရှောင်းကျန့် ဟန်မပျက်စွာနဲ့ စာသင်ပေးနေသည် ။ ပြီးတော့ ဂေဟာမှာ ဆိုတော့ ဝမ်ရိပေါ် သူ့အပေါ် ကို အနိုင်မကျင့်လောက်ဘူးမလား ။



အရိပ်ရတဲ့ ဂေဟာမှာ ရှိတဲ့ သစ်ပင်ကြီးအောက်မှာ ရှိနေတဲ့ ဒန်းစင်လေး မှာ ထိုင်နေတဲ့ ဝမ်ရိပေါ် ဟာ မျက်ခုံး တွေကိုလည်း ကျုံ့ထားရင်း တစ်ခုခုကို စိတ်အလိုမကျသလို  တစ်ခုခုကို နားမလည်သလို ။ ဒါကို မာသာ က မြင်တော့ ဝမ်ရိပေါ် ထိုင်တဲ့ ဒန်းစင်လေးရဲ့ နေရာလွတ်လေးမှာဝင်ထိုင်လိုက်သည် ။


"အကိုလေးဝမ် က သားကျန့်ကို ဘာလို့ ကလေးတွေက ပါးပါးလို့ ခေါ်တာလဲ ဆိုတာ သိချင်နေတာမလား "



ဝမ်ရိပေါ် မအံ့သြမိပါ ။ မာသာက ဒီဂေဟာမှာ ရှိတဲ့ ကလေးတွေရဲ့ မျက်နှာကို အရိပ်တစ်ခုလို ကြည့်နေတဲ့လူ ခုနကလည်း  သူဖြစ်သွားတာကို ကြည့်ပြီး မာသာ ရိပ်မိမှာ.အသေအချာပင် ။



ဝမ်ရိပေါ် တိတ်ဆိတ်နေရင်းကနေ စကားပြောလိုက်သည် ။


"ဝမ်ရိပေါ် လိုဘဲ ခေါ်ပါ "


မာသာ ခေါင်းငြိမ့်ပြရင်း စကားဆိုတယ် ။

"သားကျန့်လေး အသက် 5 နှစ်လောက် အရွယ်မှာ သားကျန့်လေးရဲ့ မာမားနဲ့ သားကျန့်လေးက ဒီဂေဟာမှာ တတ်နိုင်သလောက်လေး လာလုပ်ကူတယ် ။.အသက်5 နှစ်အရွယ် သာ ရှိတဲ့ သားကျန့်လေးက အရမ်းကို လိမ္မာတယ် ။ အခုထိလည်း သားကျန့်လေးက ဒီဂေဟာလေးမှာ ကလေးတွေကို စာသင်ပြပေးနေသေးတယ် ။
ဘာလို့ ကလေးတွေက သားကျန့်လေးကို ပါးပါး လို့ ခေါ်တာလဲ ဆိုတော့ ဒီကလေးတွေက သူတို့ရဲ့ ဘဝလေးမှာ မိဘမေတ္တာ ကို မရဖူးလို့ပါ ။ သားကျန့်လေးနဲ့ တွေ့မှ သူတို့က ရဖူးကြတာ  ချစ်ပေးတာ​ရောအလိုလိုက်ပေးတာရော  ပြီးတော့ ကြီးမာလှတဲ့ မေတ္တာ ကိုရောပေါ့   ။ ဒါ့ကြောင့် သူတို့က သားကျန့်လေးကို ပါးပါး လို့ ခေါ်တာ ။ ခေါ်ရင်လည်း ခေါ်ချင်စရာဘဲ မလား ။ သားကျန့်လေးက အဖေတစ်ယောက်လို မျိုး ကလေးတွေအားလုံးကို ချစ်ပေးကြင်နာပေး ယုယပေးနေတာ "



ချစ်သူ လူဆိုး (Complete)Where stories live. Discover now