26

3.2K 283 7
                                    

ချစ်သူ လူဆိုး

အပိုင်း (26)


သူ့ကို နားမလည်မှုတွေ အံ့သြ မှုတွေနဲ့ စိုက်ကြည့်နေတဲ့ မျက်ဝန်းညှိုလေးတွေ ဟာ သိပ်ကို လှပနေတယ် ။ အရပ်ရှည်လာတယ် ။.ခန္ဓာကိုယ် က ပိန်သွားတယ် ။.နှုတ်ခမ်း အောက် က မှဲ့နက်လေးကို မနမ်းရတာ ကြာတော့ လာနမ်းပါ ဆိုပြီး လက်ယှက်ခေါ်နေသလို ။ ဝမ်ရိပေါ် ဟာ မမြင်ရတဲ့ 7 နှစ်တာ အတွင်းမှာ ပြောင်းလဲသွား တဲ့ ရှောင်းကျန့် ရဲ့ ခန္ဓာကိုယ် လေးကို ကြည့်နေရင်း မျက်နှာလေးကိုလည်း အချိန်အကြာကြီး ကြည့်နေသေးတာ ။



ကလေး တစ်ယောက်ကို ချီထားတဲ့ ဝမ်ရိပေါ် ကို တွေ့တော့ ရှောင်းကျန့် လက်ထဲမှာ ရှိတဲ့ အရက်ခွက်လေးကို ရှောင်းကျန့် က ပိုပြီး ကျစ်နေအောင် ကိုင်ထားလိုက်တယ် ။ ရင်အစုံကလည်း ဝုန်းခနဲ ဝုန်းခနဲ တောက်လောင်နေတဲ့ မီးတွေလိုဘဲ ။ ဝမ်ရိပေါ် ကို ဆုံးရှုံးရမှာကို ကြောက်နေတာ ။ ဒါပေမဲ့လည်း ချီထားတဲ့ ကလေးက သက်သေဘဲ သူ ဝမ်ရိပေါ် ကို မရနိုင်တော့ဘူး ဆိုတာ ။


"ပါးပါး "

ပါးပါး တဲ့လား ။ မင်းက ...မင်းက...ကလေးတစ်ယောက်ရဲ့ အဖေ ဖြစ်နေပြီလား ဝမ်ရိပေါ် ။



ဆောအော လေးရဲ့ အသံကြားတော့ ဝမ်ရိပေါ် က ဆောအောလေးကို ပြုံးပြုံးလေး ကြည့်နေရင်းက ထူးလိုက်တယ် ။

"ပြောလေ သားသားလေး "


သားသားလေး ။ သားသားလေး ။ 7 နှစ်ကြာပြီးမှ မင်းကို တွေ့လိုက်ရတာက ကလေး တစ်ယောက် အဖေဖြစ်နဲ့တဲ့လား ရိပေါ် ရာ ။

ဆောအော လေးက ဝမ်ရိပေါ် ရဲ့ ပါးလေးကို လှမ်းနမ်းကာ ရှေ့က ရှောင်းကျန့် ကို ကြည့်တယ် ။

"ပါးပါးနဲ့ သိယို့လားဟင် "

ဝမ်ရိပေါ် က ဆောအော လေးကို ပြုံးရင်းနဲ့ပါးလေးကို နမ်းတယ် ။ ပြီးတော့ ရှောင်းကျန့် ဆီကို လျှောက်လာတယ် ။ ကြောင်အပြီး ရပ်နေတဲ့ ရှောင်းကျန့် ဟာ သူ့ဆီကို ဝမ်ရိပေါ် လျှောက်လာတာကို သိတော့ ခြေလှမ်းတွေက နောက်ကို ဆုတ်တယ် ။


ငါ့ ရှေ့မှာ လာပြီး ဒါက ငါ့ရဲ့ သားလေး ဆိုပြီး လာ ပြီး မိတ်မဆက်နဲ့ ဝမ်ရိပေါ် ။.

ချစ်သူ လူဆိုး (Complete)Where stories live. Discover now