10

3.8K 356 11
                                    

ချစ်သူ လူဆိုး

အပိုင်း (10)

"ဝမ်ရိပေါ်! !!!!"


အော်သံအကျယ်ကြီးနဲ့အတူ ရှောင်းကျန့် ရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားခဲ့သည် ။ ဝမ်ရိပေါ် က ဘယ်လိုကြီး နေနေတာလဲ ။ ကုတင် ခေါင်းရင်းကို မှီကာ ဖုန်းသုံးနေတဲ့ ဝမ်ရိပေါ် ဟာ အပေါ်ပိုင်း အကျီကို ချွတ်ထားသည် ။


"ဘာလဲ ဘာလို့ အဲ့လောက် အကျယ်ကြီး အော်နေတာလဲ "


"မင်း ဘာလို့ အကျီ ချွတ်ထားတာလဲ "


"မင်းလည်း ယောကျာ်း လေး ငါလည်း ယောကျာ်း လေး ရှိတာ အတူတူဘဲကို ဘာတွေ အဲ့လောက် ဖြစ်နေတာလဲ..... "



ဟုတ်သားဘဲ သူနဲ့ ဝမ်ရိပေါ် က ယောကျာ်းလေးတွေဘဲ သူမှာ ရှိတာနဲ့ ကိုယ့်မှာ ရှိတာ အတူတူဘဲကို.. အင်း ဟုတ်တယ် ။



ရှောင်းကျန့် သူ့စိတ်ထဲမှာ တွေးနေရင်း ဝမ်ရိပေါ် ရဲ့ ထင်မှတ်မထားတဲ့  နောက်ဆက်တွဲ စကားကို ကြားလိုက်ရတော့ မျက်နှာတွေပါ နီရဲလာသည် ။


"မင်းမှာ ရှိတာနဲ့ ငါ့မှာ ရှိတာ အတူတူဘဲ...ဒါပေမဲ့ အရွယ်အစားတော့ တူမှာ မဟုတ်ဘူး "



ဖုန်းကို ဘေးနားက စားပွဲခုံပေါ် ချရင်း ဝမ်ရိပေါ် ဟာ ကုတင်ပေါ်မှ ဆင်းလာသည် ။ ရှောင်းကျန့် ဝတ်ထားတာက ဆွယ်တာဆိုတော့ ချွေးနည်းနည်း ထွက်ကာ ပူအိုက်လာသည် ။ တဖြေးဖြေးနဲ့ ဝမ်ရိပေါ် ဟာ သူ့နား ကပ်လာတော့ ရှောင်းကျန့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ။ လက်ထဲမှာ ကိုင်ထားတဲ့ အလယ်တန်း သချာ် စာအုပ်ကိုဘဲ ဘေးနားက စားပွဲခုံပေါ် ချလိုက်ရမလား ။ အပြင်ပြန်ထွက်ပြီး ဝမ်ရိပေါ် အိပ်ပျော်သွားမှဘဲ ဝင်လာရင်  ကောင်မလား ။ အတွေးတွေထဲ ရောက်နေတဲ့ ရှောင်းကျန့် ဟာ ရုတ်တရက် မှာဘဲ လေထဲ မြောက်သွားသလို ခံစားလိုက်ရသည် ။


"ဝမ်ရိပေါ်.... ငါ့ကို ချပေး...ဝမ်ရိပေါ် "


တစ်ကယ် ဘဲ ဝမ်ရိပေါ် က အားသန်လိုက်တာ သူ့ကို ကောက်မပြီး ပုခုံးပေါ် တင်လိုက်တာများ မသိရင် သူက သုံးနှစ်သား ကလေးလေး ကျနေတာဘဲ ။ ဝမ်ရိပေါ် က တစ်ကယ် ကို ဆိုးတာ သူ့အားနဲ့လည်း လူကို အနိုင်ကျင့်နေသေးတယ် ။


ချစ်သူ လူဆိုး (Complete)Onde histórias criam vida. Descubra agora