6

3.8K 349 11
                                    

ချစ်သူ လူဆိုး

အပိုင်း (6)

ရိပေါ် စိတ်မလိုကျစွာနဲ့ ရှေ့မှာ ချထားတဲ့ အရက်တွေကို သောက်နေမိသည် ။ စိတ်ရှုပ်ဖို့ ကောင်းတဲ့ ခံစားချက်တွေ ။ ခေါင်းစဉ် တပ်မရတဲ့ ခံစားချက်တွေကို  သူမုန်းတယ် ။ ဒီနေ့ ကျောင်းဆင်းချိန်မှာ ရှောင်းကျန့် ရဲ့ မျက်နှာကို ကြည့်ကာ ရိပေါ် စိတ်ထဲ ဘယ်လိုမှန်း မသိတဲ့ ခံစားချက်လေး ဖြစ်ပေါ် ခဲ့တယ် ။ ဒီ ခံစားချက်ကို စိတ်ရောက်နေတာနဲ့ ရှေ့က ရှောင်းကျန့် ဘယ်အချိန်  ထွက်သွားလိုက်မှန်း မသိလိုက်ဘူး ။ ကြည့်လိုက်တော့မှ ကျန်းချန် ရဲ့ ကားနဲ့ ရှောင်းကျန့် ဟာ လိုက်သွားခဲ့ပြီလေ ။


"ဝမ်ရိပေါ် မင်း ဘာဖြစ်နေတာလဲ ဒီနေ့ ရှောင်းကျန့် ကို ကစားလိုက်ရလို့ ပျော်တယ်မလား "


"...."


"ပြန်တော့မလို့လား "


ဖန်ရှင်း ကို ဝမ်ရိပေါ် ပြုံးပြလိုက်သည် ။ မဲ့ပြုံးကြီးဖြင့် ။


"သားကျန့် ထမင်းစားရအောင် လေ "


ဂေဟာလေးကနေ ပြန်ရောက်လာကတည်းက ရှောင်းကျန့် ဟာ အခန်းထဲမှာ နေနေသည် ။ အပြင်လည်း ထွက်မလာပေ ။

"သားကျန့်လေး သားကျန့်လေး ..မား ဝင်လာမယ်နော် "


ရှောင်းမား ဝင်လာတော့ အိပ်ယာပေါ်မှာ ရှောင်းကျန့် က အိပ်နေပြီ ဖြစ်သည် ။ ရှောင်းမားလည်း ရှောင်းကျန့် ရဲ့ မျက်နှာ နုနုလေးကို ဖွဖွလေး ပွတ်သပ်ပေးသည် ။ ထို့နောက် စောင်သေချာ ခြုံပေးကာ ရှောင်းကျန့် ရဲ့ အခန်းလေးထဲမှ မီးပိတ်ကာ ပြန်ထွက်သည် ။


"ငါ့ကို ဘာ စောက်ချိုး ချိုးတာလဲ ရှောင်းကျန့် ဖုန်းဆက်တာ မကိုင်တာက "


ဝမ်ရိပေါ် ထို စကားကို အံကြိတ်ကာ ပြောပြီး ရှောင်းကျန့် ရဲ့ အခန်းကို ဝင်ရန် ခြံတံခါးကို အပြင်ကနေ ကျော်ခွသည် ။ ရှောင်းကျန့် ရဲ့ အခန်းက အပေါ်ထပ် ဖြစ်တာကြောင့် ရှောင်းကျန့် အခန်းထဲ သို့ ရောက်ရန် ဝမ်ရိပေါ် ဘေးနားမှာ ရှိတဲ့ လှေကားကို ထောင်ကာ ရှောင်းကျန့် အခန်းလေးထဲသို့ ဝင်သွားသည် ။

ချစ်သူ လူဆိုး (Complete)Hikayelerin yaşadığı yer. Şimdi keşfedin