Extra

3.6K 269 11
                                    

ချစ်သူ လူဆိုး ( Extra)

"သားသားလေး..ကျောင်းမှာ  ရန်မဖြစ်ရဘူးနော် ဆရာမ ပြောတဲ့ စကားတွေကိုလည်း နားထောင်ရမယ်နော်.. "


"ဟုတ်ကဲ့ ပါးပါး ပြောတာတွေ သားသား နားထောင်ပါ့မယ် ပါးပါး..အာဘွား...ပါးပါးအာဘွား"

လေးနှစ်သား အရွယ် ဆောအောလေးရှေ့ကို ငုတ်တုတ်လေး ထိုင်နေတဲ့ ဝမ်ရိပေါ် နဲ့ရှောင်းကျန့် ရဲ့ ပါးလေးကို ဆောအောလေးက နမ်းလိုက်သည် ။ ဆောအောလေးကိုလည်း ဝမ်ရိပေါ်နဲ့ ရှောင်းကျန့် က နမ်းလိုက်တယ် ။ ဒါက အမြဲတမ်း မနက်တိုင်း ဆောအောလေး ရဲ့ မူကြိုရှေ့မှာ  ရှောင်းကျန့် က မှာစရာ ရှိတာ မှာပြီး ရင် ဆောအောလေးက နမ်းနေကြ ။ ဆရာ ဆရာမ တွေ တစ်ခြား ကလေးတွေရဲ့ မိဘတွေက လည်း ဝမ်ရိပေါ် နဲ့ ရှောင်းကျန့် ရဲ့ မိသားစုလေးကို အားကျတဲ့ အကြည့်တွေနဲ့ ကြည့်တယ် ။


"ကျောင်းထဲ ဝင်တော့နော် "


"ဟုတ်ကဲ့.. တာ့တာ ချစ်တယ်... ပါးပါးဝမ်နဲ့ ပါးပါးရှောင်းကို "

"ဒီက ပါးပါးဝမ်နဲ့ ပါးပါးရှောင်းကလည်း ဆောအောလေးကို ချစ်ပါတယ်ဗျ "

သိပ်ကို ချစ်ဖို့ ကောင်းတဲ့ ဆောအောလေးက အမြဲတမ်း ကျောင်းခန်းလေးထဲ ဝင်တော့မယ် ဆိုရင် အဲ့လိုမျိုး အကျယ်ကြီး အော်ပြောတယ် ။ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ကလည်း  သားသားလေးကို ကြည့်ရင်း ချစ်တယ် ဆိုကာ အကျယ်ကြီး ပြန်ပြောတယ် ။


နှစ်နှစ် ရှိပါပြီ ဝမ်ရိပေါ် နဲ့ လက်ထပ်ပြီးတာ ။ ဝမ်ရိပေါ် နဲ့ ဆောအောလေး က ရှောင်းကျန့် ကို ဂရုစိုက် တယ် ချစ်တယ် ။ ရှောင်းကျန့် အတွက် ဘာမှ မလိုလောက်အောင်ဘဲ ဝမ်ရိပေါ် နဲ့ ဆောအောလေး ရှိရင် ပြီးပြည့်စုံပြီ ။


"ရှောင်းကျန့် မင်း ဒီနေ့ ဘာမေ့နေလဲ "


ရုံးခန်းထဲ ရောက်တာနဲ့ တံခါးကို lock ချပြီး ဝမ်ရိပေါ် က မေးတယ် ။ ရှောင်းကျန့် က စဉ်းစားနေတယ် ။ ပြီးတော့ ဘာကျန်ခဲ့လို့ဆိုတဲ့ အဓိပ္ပာယ် ပါတဲ့ မျက်လုံးလေးနဲ့ ကြည့်တော့ ဝမ်ရိပေါ် က နှုတ်ခမ်းစူပြတယ် ။ ဒါကို ရှောင်းကျန့် က ကောင်းကောင်း သဘောပေါက်တယ် ။ သူ့ကို နမ်းဖို့ မေ့နေတယ် ဆိုတဲ့ သဘောလေး ။


You've reached the end of published parts.

⏰ Last updated: Aug 22, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်သူ လူဆိုး (Complete)Where stories live. Discover now