14

3.3K 300 5
                                    

ချစ်သူ လူဆိုး

အပိုင်း (14)


မြင်နေရတဲ့ မျက်နှာချပ်လေးကို ရှောင်းကျန့် အကြောင်းမဲ့ ငေးကြည့်နေမိသည် ။ ကြောင်အစွာနဲ့ ။ ထို မျက်နှာပြင်ကို ကြည့်ခြင်းအားဖြင့် ရှောင်းကျန့် သိလိုက်တယ်  ဒါဟာ သူ့အိမ် သူ အခန်း မဟုတ်ဘူး.ဆိုတာကိုပင် ။ ထို့နောက် အခန်းပတ်ပတ်လည်လည်ကို လှဲနေရင်းကနေ မျက်လုံးလေးနဲ့  ဝေ့ကြည့်လိုက်တော့ အခန်းထဲမှာက စကိတ်ဘုတ်တွေ ပြီးတော့ ဆိုင်ကယ် သေးသေးလေးတွေဟာ စင်ပေါ်မှာ စီစီရီရီ ထားထားတာကို တွေ့ရသည် ။ သပ်သပ်ရပ်ရပ်လေး ။ ထို့နောက် ရှောင်းကျန့် မျက်မှောင်လေး ကျုံ့လိုက်သည် ။ ဒါ ဘယ်သူ့ရဲ့ အခန်းလဲ. ? သူ့ကို စတိုခန်းထဲမှာ လူနှစ်ယောက်က ဝိုင်းထိုးနေတယ် ။ သူ ဝမ်ရိပေါ် ကို ဖုန်းခေါ်လိုက်တယ် ။ အဲ့နောက် ဝမ်ရိပေါ် က ရောက်လာပြီး အဲ့လူ နှစ်ယောက်ကို ထိုးလိုက်တယ် ။ ဟုတ်တယ် ဟုတ်တယ် အဲ့ထိ ဟုတ်သေးတယ် ။ နောက်ပြီး သူ တော်တော့လို့ ပြောတဲ့ အချိန်မှာ ရိပေါ် က သူ့အနား ရောက်လာတယ် ။ ပြီးတော့ ဝမ်ရိပေါ် ကသူ့ကို  ကောက်ပွေ့လိုက်တယ် ။ သူ အိမ်ပြန်ပို့ပေးဖို့ ဝမ်ရိပေါ် ကို ပြောလိုက်တယ် ။ ဟုတ်တယ် ပြီးတော့ သူဘာမှ မသိတော့ဘူး ဝမ်ရိပေါ် ရဲ့ ရင်ခွင်ထဲမှာ သူ အိပ်ပျော်သွားတာ ။



ဒါဆို...ဒါက ဝမ်ရိပေါ် ရဲ့ အခန်းလား. ? ရှောင်းကျန့် တွေးနေရင်း မားကို သတိရတာမို့ ဘေးက နာရီကို ကြည့်လိုက်သည် ။

"9 နာရီ ည9 နာရီ ။ မား စိတ်ပူနေလိမ့်မယ် .."


ရှောင်းကျန့် ပြောရင်း မွေ့ယာပေါ်ကနေ ဆင်းမလို့ လုပ်လိုက်ပေမဲ့ ဗိုက်ကို ထိုးခံထားရတာကြောင့် မွေ့ယာပေါ် အသာလေး ပြန်ထိုင်လိုက်သည် ။


"ရှောင်းကျန့်... ရှောင်းကျန့် မင်း နိုးလာပြီလား.. မထနဲ့ ဗိုက်အောင့်နေတယ်မလား "


"ဝမ်ရိပေါ်.. ငါ မင်းကို အိမ်ပြန်ပို့ပေးလို့ ပြောတာလေ ဘာလို့ မင်း အိမ်ခေါ်လာတာလဲ "


ရှောင်းကျန့် ရဲ့ အသံက တုန်ရီနေပေမဲ့ အတတ်နိုင်ဆုံး အသံကို ထိန်းကာ ပြောနေသည် ။ မားက စိတ်ပူနေမှာ ။


ချစ်သူ လူဆိုး (Complete)Where stories live. Discover now