29

3.5K 274 4
                                    

ချစ်သူ လူဆိုး

အပိုင်း (29)

"တီတီကျူးကျူး ပါးပါးရော "


အိပ်ယာပေါ်မှာ လူးလှိမ့်အိပ်ရင်းကနေ ဆောအောလေးရဲ့ အသံကြောင့် ဖုန်းသုံးနေတဲ့ ကျူးကျူးက ဖုန်းကို ဘေးနားချထားလိုက်သည် ။


"ဆောအောလေး... ရေသောက်မလို့လား "


"ဟင့်အင်း ဟုတ်ဘူး ပါးပါး...ပါးပါးရောဟင် "


"ပါးပါးက အပြင်ခဏ သွားတယ် ..လာ ပြန်အိပ်နော် တီတီကျူးကျူး သိပ်မယ် ဟုတ်ပြီလား "


"ပါးပါး ပြန်လာမှဘဲ အိပ်တော့မယ် "

ကျူးကျူးလည်း ဆောအောလေး မငိုဖို့အတွက် ဘေးမှာ ထိုင်ကာ အရုပ်လေးတွေနဲ့ ကူဆော့ပေးနေသည် ။ ခဏ အကြာ ကားသံကြားတာမို့ ကျူးကျူးသိလိုက်ရသည် ဝမ်ရိပေါ် ပြန်လာပြီ ဆိုတာ ။


"ကျူးကျူး....ကျူးကျူး ကျူးကျူး.."


ဝမ်ရိပေါ် ရဲ့ အလောတကြီး ခေါ်သံကြောင့် ကျူးကျူး.တံခါး ဖွင့်ပေးလိုက်သည် ။ တံခါး ဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက ရှောင်းကျန့် ရဲ့ ခန္ဓာကိုယ် ကို ကောက်ပွေ့ထားတာကို မြင်လိုက်ရသည် ။


"ကောကော..."


အိပ်ယာပေါ်မှာ ရှောင်းကျန့် ကို အသာချကာ စောင်ထူထူ လေး တစ်ထည်ခြုံပေးလိုက်သည် ။.ဒါတောင် ရှောင်းကျန့် က ချမ်းတယ် ဆိုပြီး အသံတိုးတိုးလေး.ငြီးနေသေးတာ။


"ကျွန်တော်ရှောင်းကျန့်ကို ကျွန်တော့် အိမ် ခေါ်သွားချင်တယ် " ဆိုတဲ့ စကားအဆုံးမှာ ဝမ်ရိပေါ် ရှောင်းကျန့် ကို ကောက်ပွေ့လိုက်တယ် ။ ဒေါ်လေးရင်း ကတော့ တူဖြစ်သူ ရှောင်းကျန့် ကို ဘယ်သူဘယ်ဝါမှန်း မသိတဲ့ ကောင်လေးက ကောက်ပွေ့လိုက်တော့ အံ့သြ သလို ပြူးကြောင်ကြောင်လေးနဲ့ ကြည့်နေတယ် ။ နောက် သတိပြန်ဝင်လာတော့မှ ရှောင်းမားကို လှမ်းပြောတယ် တားဖို့အတွက် ။ ဒါပေမဲ့လည်း.ရှောင်းမားက ဘာဆို ဘာမှကို မပြောဘဲ ခွင့်ပြုပေးလိုက်တယ်။ ဒီနေ့ တစ်နေကုန်လုံး ဖျားနေတဲ့ ရှောင်းကျန့် က ညီးနေတာက ဝမ်ရိပေါ် ရဲ့ နာမည်လေးတစ်ခုသာ ။


ချစ်သူ လူဆိုး (Complete)Tempat cerita menjadi hidup. Temukan sekarang